စက်သုံးဆီအရောင်းဆိုင်တစ်ဆိုင်အား အကြမ်းဖက် PDF အဖွဲ့က ဓားပြတိုက်လုယက်


(ပြည်တွင်း) ဇန်နဝါရီ ၁၀

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ အထက်ညဥ့်ကျေးရွာအုပ်စု၊ အောက်ညဥ့်ကျေးရွာအနီး၊ ညောင်ဦး-မြင်းခြံ-ပခုက္ကူသွား ကားလမ်းဘေး၌ ဖွင့်လှစ်ထားသော “BOB” စက်သုံးဆီဆိုင်အား ယမန်နေ့ ညနေ ၅ နာရီအချိန်ခန့်က အကြမ်းဖက် PDF အဖွဲ့မှ ဓားပြတိုက်လုယက်သွားခဲ့ကြောင်း သိရသည်။

အကြမ်းဖက် PDF အဖွဲ့ဝင် ၅ ဦးသည် သေနတ်အရှည်များ ကိုင်ဆောင်လျှက် မျက်နှာများအား အဝတ်များစီးကာ ဆိုင်၏မြောက်အရပ်မှရောက်ရှိလာပြီး “BOB” စက်သုံးဆီ အရောင်းဆိုင်ထဲသို့ ရောက်သည်နှင့် ဆိုင်ဝန်ထမ်းများအား မှောက်ခိုင်းထားကာ ငွေစားပွဲအံဆွဲအတွင်းမှ စက်သုံးဆီရောင်းရငွေ သိန်း ၂၀ ကျပ်နှင့် ဆိုင်ကယ် ၁ စီးအား ယူ ဆောင်သွားခဲ့ကြကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက်သမားများသည် ဆိုင်၏ မြောက်ဘက် ဧရာဝတီမြစ်ကမ်းဘက်သို့ ပြန်လည်ထွက်ပြေးသွားခဲ့ကြကြောင် သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN #ညောင်ဦးမြို့နယ် #PDF