(ပြည်တွင်း) ဇန်နဝါရီ ၉
မြန်မာနိုင်ငံရဲ့ အကြီးမားဆုံး အိမ်မွေးတိရစ္ဆာန်ဆိုင်ရာပြပွဲကြီး Yangon Pet Expo 2025 ကို ဇန်နဝါရီလ ၂၅ ရက်နဲ့ ၂၆ ရက်တွေမှာ ရန်ကုန်မြို့၊ အင်းလျားကန်ဟိုတယ်ဝင်းအနီးက YCC ခန်းမမှာ ကျင်းပသွားမှာဖြစ်တယ်လို့ Yangon Pet Expo တည်ထောင်သူ ဦးဇာနည်က ပြောကြားခဲ့ပါတယ်။
အခုနှစ်ပြပွဲမှာ အထူးအစီအစဉ်အနေနဲ့ Yangon Pet Fashion Show ကို ထည့်သွင်းပြုလုပ်မှာဖြစ်ပြီး အိမ်မွေး တိရစ္ဆာန်အဝတ်အစား ထုတ်လုပ်သူတွေက အိမ်မွေးတိရစ္ဆာန်လေးတွေကို စိတ်ကြိုက် ဝတ်စားဆင်ယင်ပေးပြီး Pet Fashion Show မှာ ဝင်ရောက်ယှဥ်ပြိုင်နိုင်တယ်လို့ သိရပါတယ်။
Pet Fashion Show မှာ ပထမနေ့နဲ့ ဒုတိယနေ့ကို မတူညီတဲ့အစီအစဉ်တွေနဲ့ ကျင်းပသွားမှာ ဖြစ်တယ်လို့လည်း ဦးဇာနည်က ပြောကြားခဲ့ပါတယ်။
ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ချင်သူတွေအနေနဲ့ မိမိအိမ်မွေး တိရစ္ဆာန်လေးတွေရဲ့ အချက်အလက်နဲ့အတူ ဓာတ်ပုံ တစ်ပုံကို Online ကနေ ဇန်နဝါရီလ ၂၃ ရက် နောက်ဆုံးထားပြီး ကြိုတင်စာရင်း ပေးသွင်းနိုင်တယ်လို့ သိရပါတယ်။
ပြပွဲမှာ Pet Food, Pet Healthcare, Pet Assessories တွေကိုလည်း ပြည်တွင်း၊ ပြည်ပကုမ္ပဏီတွေက လာရောက်ပြသမှာဖြစ်ပြီး အထူးစျေးနှုန်းတွေနဲ့ ရောင်းချပေးသွားမှာဖြစ်သလို အိမ်မွေးတိရစ္ဆာန်လေးတွေနဲ့လည်း အမှတ်တရဓာတ်ပုံတွေရိုက်တာ၊ အမှတ်တရလက်ဆောင်ပေးတာအပြင် အိမ်မွေးတိရစ္ဆာန်ကျန်းမာရေးဆိုင်ရာ ဆွေးနွေးပွဲတွေကိုလည်း ထည့်သွင်းပြု လုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
Telegram»…
https://t.me/positiveanglenews