(နိုင်ငံတကာ) ဇန်နဝါရီ ၉
အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်တွင် ရင်ဆိုင်နေရသည့် မီးလောင်ကျွမ်းမှုများကြောင့် သမ္မတဂျိုးဘိုင်ဒန်၏ ရောမခရီးစဉ်ကို ဖျက်သိမ်းလိုက်ကြောင်း အိမ်ဖြူတော်က ကြေညာသည်။
သမ္မတဘိုင်ဒန်အနေဖြင့် ရဲ၊ မီးသတ်နှင့် အရေးပေါ်ကယ်ဆယ်ရေးဝန်ထမ်းများအား ခေါ်ယူတွေ့ဆုံခဲ့ပြီးနောက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။
အိမ်ဖြူတော်သတင်းရင်းမြစ်များ၏ အဆိုအရ သမ္မတဘိုင်ဒန်သည် အရေးပေါ်တုန့်ပြန်မှုများကို ညွှန်ကြားရန် အဆိုပါခရီးစဉ်ကို ဖျက်သိမ်းခြင်းဖြစ်ကြောင်းဆိုသည်။
ဖျက်သိမ်းခဲ့သည့် အဆိုပါခရီးစဉ်တွင် အီတလီဝန်ကြီးချုပ် မယ်လိုနီ ပုပ်ရဟန်းမင်းကြီးနှင့် အီတလီသမ္မတတို့နှင့် တွေ့ဆုံရန်ရှိကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ထားသည်။
လော့အင်ဂျလိစ်တွင် နေရာပေါင်းများစွာတွင် မီးလောင်ကျွမ်းနေပြီး အနည်းဆုံး ဟက ၃၀၀၀၀ နီးပါး မီးဆက်တိုက်လောက်ကျွမ်းနေပြီး အနည်းအငယ်သာ ထိန်းချုပ်နိုင်သေးကြောင်းသိရသည်။
Telegram»…
https://t.me/positiveanglenews