မီးစက် ဓါတ်ဆီဖြည့်ရာမှ မီးလောင်ကျွမ်းမှုဖြစ်ပွား


(မှုခင်း) ဇန်နဝါရီ ၉

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ၅၉ လမ်း၊ ၁၁၂လမ်းနှင့် ၁၁၂(A) လမ်းကြား၊ ကန်သာယာရပ်ကွက်၊ အကွက်အမှတ်(ဖ-၈)၊ အိမ်အမှတ် (၁၇)၊ “ကျော်” ဆိုင်ကယ်အပို ပစ္စည်းအရောင်းဆိုင်တွင် ယမန်နေ့ညနေ ၅ နာရီအချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

မီးလောင်သည့်နေရာသို့ မီးသတ်တပ်ဖွဲ့ဝင်များမှ သွားရောက်မီးငြိမ်းသတ်ခဲ့ရာ ညနေ ၅ နာရီ ၂၁ မိနစ်အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး ညနေ ၅ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်စဥ်မှာ ဆိုင်ကယ်အပိုပစ္စည်းအရောင်းဆိုင်တွင် နေထိုင်သူ ဦး​ကျော်ဇင်၊ ၂၇ နှစ်၊ (ဘ)ဦးချစ်ဝင်းသိန်း၊ ဆိုင်ကယ်အပိုပစ္စည်း ရောင်း/ဝယ်သူမှ မီးစက်အတွင်းသို့ ဓါတ်ဆီဖြည့်စဥ် အနီးရှိမီးဖိုမှ မီးရှိရာသို့ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် ၃၀x၄၅ ပေ၊ သွပ်မိုးအုပ်ကာ၊ မြေစိုက်၊ နံကပ်အဆောက်အဦး “ကျော်”ဆိုင်ကယ် အပိုပစ္စည်းအရောင်းဆိုင်နှင့် ဘေးချင်းကပ် ဝဲ/ယာနေအိမ် ၂ လုံး၊နောက်ကျောကပ်လျက်ရှိ နေအိမ် ၁ လုံးတို့အား မီးကူးစက်လောင် ကျွမ်းခဲ့ကြောင်း၊ ဆုံးရှုံးမှုတန်ဘိုးမှာ နေအိမ် ၃ လုံးနှင့်ဆိုင် ၁ ဆိုင်၊ ဆုံးရှုံးမှုတန်ဖိုး ၅၉ သိန်း၊ ပစ္စည်းဆုံးရှုံးမှုတန်ဖိုး သိန်း ၂၀၀ ကျပ်ခန့်၊ စုစုပေါင်း ၂၅၉ သိန်းကျပ် ဆုံးရှုံးခဲ့ကြောင်း၊ မီးကိုပေါ့ဆစွာအသုံးပြုသူ ဦးကျော်ဇင် အား ဥပဒေအရအရေးထားကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN