မန်းရွှေစက်တော်ဘုရားပွဲ လာရောက်မည့်သူများအတွက် တည်းခိုဆောင်နှင့် ဈေးဆိုင်ခန်းပေါင်း ၁,၄၀၀ ကျော် ဆောက်လုပ်နေ

(ပြည်တွင်း) ဇန်နဝါရီ ၉

လာမယ့်ဖေဖော်ဝါရီလမှစတင်ကာ ၇၅ ရက်တိုင်တိုင် ကျင်းပမယ့် မန်းရွှေစက်တော်ဘုရားပွဲသို့ လာရောက် မယ့်သူများအတွက် တည်းခိုဆောင်နှင့်ဈေးဆိုင်ခန်းပေါင်း ၁,၄၀၀ ကျော်ဆောက်လုပ်လျက်ရှိတယ်လို့ သိရပါတယ်။

 မန်းရွှေစက်တော်ဘုရားပွဲတော်ချိန်က ရာသီဥတုသာယာတဲ့အချိန်ဖြစ်သလို လမ်းခရီးကောင်းမွန်တဲ့အတွက် ဘုရားဖူးဧည့်သည်တွေ၊ အပန်းဖြေလေ့လာရေး ခရီးထွက်လိုသူများအတွက် စိတ်ချမ်းမြေ့စရာကောင်းတဲ့ ခရီးစဉ် ဖြစ်စေတယ်လို့ မန်းရွှေစက်တော်ဘုရားရဲ့ ဂေါပကဥက္ကဋ္ဌဦးအေးကို က ပြောကြားခဲ့ပါတယ်။

ဒါကြောင့် မန်းရွှေစက်တော်ဘုရားပွဲတော်သို့ အနယ်နယ်အရပ်ရပ်မှ လာရောက်မယ့်သူများ တည်းခိုနေထိုင်မှု အဆင်ပြေစေရန် တည်းခိုဆောင် ၆၀၀ ကျော်နှင့် စားသောက်ရေးအဆင်ပြေစေရန် ဈေးဆိုင်ခန်း ၈၀၀ ကျော်တို့ကို ဆောက်လုပ်လျက်ရှိပါတယ်။

မန်းရွှေစက်တော်ဘုရားပွဲတော်ကို လာမယ့်ဖေဖော်ဝါရီလ ၂ ရက်မှ ဧပြီလ ၁၇ ရက်အထိ ၇၅ ရက်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး ဘုရားပွဲတော်ကာလအတွင်း ဘုရားဖူးလာသူများက မကွေးမြသလွန် ဘုရား၊ စက္ကိန်းတဲဘုရား၊ နဂါးပွက်တောင်၊ မန်းရွှေစက်တော်ပါဒစေတီတော်၊ စကုမြို့ရှိ တန်ခိုးကြီးဘုရားများ၊ အထင်ကရနေရာများ၊ စန္ဒကူးနံ့သာကျောင်းတော်ရာဘုရား တို့ကိုလည်း သွားရောက်ဖူးမြှော်လည်ပတ်ကြကြောင်း သိရပါတယ်။

PAN