“ပြည်ပနိုင်ငံများသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် နှစ်သန်းကျော် တင်ပို့ထား”

(စီးပွားရေး) ဇန်နဝါရီ ၉

ယခုဘဏ္ဍာနှစ် ကိုးလတာကာလအတွင်း ပြည်ပနိုင်ငံများသို့ အမေရိကန်ဒေါ်လာ သန်း ၉၀၀ ကျော်တန်ဖိုးရှိ ဆန် နှင့် ဆန်ကွဲတန်ချိန် နှစ်သန်းကျော် တင်ပို့ထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရပါတယ်။

၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဧပြီလမှဒီဇင်ဘာလအထိ ကိုးလတာကာလအတွင်းမှာ ပြည်ပနိုင်ငံများသို့ ဆန်နှင့် ဆန်ကွဲတန်ချိန် ၂,၀၃၄,၆၅၆ ဒသမ ၄ တန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၉၄၈ သန်းရရှိခဲ့ခြင်းဖြစ်ပါတယ်။

ပြည်ပနိုင်ငံများသို့ ဧပြီလတွင် အမေရိကန်ဒေါ်လာ ၅၅ သန်းတန်ဖိုးရှိ ဆန်နှင့်ဆန်ကွဲ ၁၁,၁၈၆၂ တန်၊ မေလမှာ အမေရိကန်ဒေါ်လာ ၃၆ သန်းတန်ဖိုးရှိ ဆန်နှင့်ဆန်ကွဲ ၇,၁၂၈၀ တန်၊ ဇွန်လမှာ အမေရိကန်ဒေါ်လာ ၈၄ သန်းတန်ဖိုးရှိ ဆန်နှင့်ဆန်ကွဲ ၁၆၂,၃၂၆ တန်၊ ဇူလိုင်လမှာ အမေရိကန်ဒေါ်လာ ၈၂ သန်းတန်ဖိုးရှိ ဆန်နှင့်ဆန်ကွဲ၁၆၅,၄၄၄ တန်၊ ဩဂုတ်လမှာ အမေရိကန်ဒေါ်လာ ၉၇ သန်းတန်ဖိုးရှိ ဆန်နှင့်ဆန်ကွဲ ၂၀၇,၃၇၀ တန်၊ စက်တင်ဘာလမှာ အမေရိကန် ဒေါ်လာ ၁၀၄ သန်းတန်ဖိုးရှိ ဆန်နှင့်ဆန်ကွဲ ၂၁၉,၅၆၅ ဒသမ ၁၃ တန်၊ အောက်တိုဘာလမှာ အမေရိကန်ဒေါ်လာ ၁၈၉ သန်းတန်ဖိုးရှိ ဆန်နှင့်ဆန်ကွဲ ၄၂၄,၇၈၄ ဒသမ ၂၇ တန်နှင့် နိုဝင်ဘာလမှာ အမေရိကန်ဒေါ်လာ ၁၅၆ သန်း တန်ဖိုးရှိ ဆန်နှင့်ဆန်ကွဲ ၃၃၄,၅၃၅ တန်၊ ဒီဇင်ဘာလမှာ အမေရိကန်ဒေါ်လာ ၁၄၅ သန်းတန်ဖိုးရှိ ဆန်နှင့်ဆန်ကွဲ ၃၃၇,၄၉၀ တန် တင်ပို့နိုင်ခဲ့ပါတယ်။ ထိုကဲ့သို့တင်ပို့ရာတွင် အောက်တိုဘာလမှာ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာသန်း ၁၈၀ ကျော်ဖြင့် အများဆုံး တင်ပို့ထားပြီး နိုဝင်ဘာလမှာ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၅၆ သန်းဖြင့် ဒုတိယအများဆုံးတင်ပို့နိုင်ခဲ့တယ်လို့ မြန်မာ့ဆန်စပါးအသင်းချုပ်၏စာရင်းများအရ သိရပါတယ်။

#PAN