ဇေယျာသီရိမြို့နယ်တွင် ယာဥ်တိုက်မှုဖြစ်ပွားခဲ့ရာမှ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိ


(မှုခင်း) ဇန်နဝါရီ ၈

နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ကျောက်ချက်ကျေးရွာအုပ်စု၊ ကျောက်ချက်ကျေးရွာအနီး ရန်ကုန်-မန္တလေးကားလမ်းဟောင်း မိုင်တိုင်အမှတ်(၂၂၂/၇)နှင့် (၂၂၃/၀) ကြားတွင် ယာဥ်တိုက်မှုဖြစ်ပွားကြောင်း သိရသည်။

ယနေ့ မွန်းတည့် ၁၂ ခွဲအချိန်ခန့်က ရန်ကုန်-မန္တလေးကားလမ်းဟောင်း တောင်မှ မြောက်သို့ မောင်းနှင်လာသည့် Canda 110၊ အနက်ရောင်မော်တော်ဆိုင်ကယ်သည် မျက်နှာချင်းဆိုင် မြောက်မှ တောင်သို့ မောင်းနှင်လာသည့် Honda Airwave ခဲရောင်ယာဉ်အား ဝင်ရောက်တိုက်မိခဲ့ကြောင်း သိရသည်။

အဆိုပါယာဥ်တိုင်မှုကြောင့် ဆိုင်ကယ်မောင်းနှင်သူ၏ နဖူးပေါက်ပြဲ၊ ယာတတောင်ပွန်းဒဏ်ရာ(စိုးရိမ်ရ)ရရှိ၍ အမှတ်(၂)တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀)သို့ ပို့ဆောင်ထားရှိပြီး နေပြည်တော်ယာဉ်အမှုစစ်ဌာနက အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN