ဆွန်ဟောင်မင်ကို တစ်နှစ်စာချုပ် သက်တမ်းတိုးလိုက်တဲ့ စပါးအသင်း


(အားကစား) ဇန်နဝါရီ ၉

စပါးအသင်းဟာ အသင်းခေါင်းဆောင် ဆွန်ဟောင်မင် ကို ၂၀၂၆ ခုနှစ်အထိ စာချုပ်သက်တမ်း တိုးနိုင်ခဲ့ပြီလို့ ဇန်နဝါရီလ ၇ ရက်မှာ တရားဝင်ကြေညာခဲ့တာ ဖြစ်ပါတယ်။

ဆွန်ဟောင်မင် ဟာ စပါးအသင်းနဲ့ အခုဘောလုံးရာသီအပြီးမှာ စာချုပ်သက်တမ်းကုန်ဆုံးမှာ ဖြစ်ပေမယ့် စာချုပ်ထဲမှာ ၁ နှစ်သက်တမ်းတိုးခွင့်ပါရှိတာကြောင့် စပါးအသင်းဘက်က စာချုပ်သက်တမ်းတိုးဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

အသက် ၃၂ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ဆွန်ဟောင်မင် ဟာ စပါးအသင်းကို လေဗာကူဆင်အသင်းကနေ ၂၀၁၅ ခုနှစ်မှာ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အသင်းမှာ ၁၀ နှစ်ကြာ ကစားနေခဲ့တာ ဖြစ်ပါတယ်။

ဆွန်ဟောင်မင် ဟာ အသင်းအတွက် အရေးပါတဲ့ကစားသမားတစ်ယောက်ဖြစ်တာကြောင့် အခုလိုစာချုပ် သက်တမ်းတိုးနိုင်ခဲ့တဲ့အပေါ် ပျော်ရွှင်မိတယ်လို့ နည်းပြ ပိုစတီကော့ဂလူ က ပြောကြားခဲ့ပါတယ်။

ဆွန်ဟောင်မင် ဟာ စပါးကစားသမားဘဝမှာ ပြိုင်ပွဲစုံ ၄၃၁ ပွဲအထိကစားထားပြီး ၁၆၉ ဂိုးအထိသွင်းယူပေးနိုင်ခဲ့ပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN