ကျုံလောင်းရွာဟောင်းကို အကြမ်းသမားတွေဝင်ရောက်လာတာကြောင့် ဒေသခံတွေ ထွက်ပြေးနေရ


(ပြည်တွင်း) ဇန်နဝါရီ ၉

မွန်ပြည်နယ် ရေးမြို့နယ် ကျုံလောင်းရွာဟောင်းကို အကြမ်းဖက်အုပ်စုတွေဝင်ရောက်လာတာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။

ဇန်နဝါရီလ ၉ ရက်နေ့ ညဦးပိုင်းက ကျုံလောင်းရွာဟောင်းကျေးရွာအတွင်းကို PDF ပူးပေါင်းအဖွဲ့တွေဝင်ရောက်လာတာကြောင့် ကျေးရွာနေဒေသခံတွေဟာ ဝယ်ပေါင်ရွာဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
“အရင်တစ်ခေါက်လာဝင်ပစ်တဲ့အတိုင်းပဲ အဖွဲ့စုံပူးပေါင်းစုံပါတယ်။ အင်အားလည်းများတယ်။ သူတို့ဝင်လာပြီး ဟိုပစ်ဒီပစ်နဲ့ ရွာသားတွေပဲအကုန်ဒုက္ခရောက်ရမှာ ဒါကြောင့် ကြိုရှောင်ကြတဲ့သဘောပါ” လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ရေးမြို့နယ် ကျုံလောင်းရွာဟောင်းကျေးရွာအတွင်းကို အကြမ်းဖက် PDF ပူးပေါင်းအဖွဲ့တွေဝင်ရောက်လာသလို ကျိုက်ဟင်းအိုးကျေးရွာဘက်တွင်လည်းတစ်ဖွဲ့ဝင်ရောက်လှုပ်ရှားနေပြီး သူတို့ဝင်လာတာဟာ စစ်ကြောင်းထိုးမယ်ဆိုတဲ့သတင်းအရ ဝင်ရောက်လာဖြစ်တယ်လို့ ပြောဆိုမှုတွေရှိနေယ်လို့လည်း သိရပါတယ်။

အကြမ်းဖက်သမားများဝင်ရောက်လာတဲ့သတင်းကြောင့် ဒီကနေ့မနက်ပိုင်းမှာ နယ်မြေခံတပ်မှ လက်နက်ကြီးတွေနဲ့အကြမ်းဖက်တွေ စုဝေးရာနေရာတွေကို ပစ်ခတ်ရှင်းလင်းနေတယ်လို့လည်း သတင်းအရင်အမြစ်တွေဆီက သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN