ကမ္ဘောဒီးယားအတိုက်အခံအမတ်ဟောင်းကို လုပ်ကြံသူမှာ ထိုင်းစစ်သားဟောင်းဖြစ်နေ


(နိုင်ငံတကာ) ဇန်နဝါရီ ၉

ကမ္ဘောဒီးယားအတိုက်အခံအမတ်ဟောင်း Lim Kimya ကို လုပ်ကြံသူမှာ တော်ဝင်ထိုင်းရေတပ်တွင် တပ်ကြပ်အဆင့် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကြောင်းသိရသည်။

Ekaluck Paenoi အမည်ရှိ လုပ်ကြံသတ်ဖြတ်သူသည် အခင်းဖြစ်ပွားသည့် လူစည်ကားရာနေရာတွင် သေနတ်ဖြင့် နှစ်ချက်ပစ်ခတ် လုပ်ကြံခဲ့ခြင်းဖြစ်ကြောင်း လုံခြုံရေးကင်မရာများတွင် ရှင်းရှင်းလင်းလင်းမြင်တွေ့ရသည်။

သေဆုံးသူ Lim Kimya မှာ အသက် ၇၃ နှစ်အရွယ်ရှိပြီး ကမ္ဘောဒီးယားအတိုက်အခံပါတီ CNRP မှာ လွှတ်တော်အမတ်တစ်ဦးလည်းဖြစ်သည်။

ရဲတပ်ဖွဲ့ဝင်များက အရေးပေါ်ကယ်ဆယ်ရန်ကြိုးပမ်းခဲ့သော်လည်း အခင်းဖြစ်ပွားသည့်နေရာတွင် သေဆုံးခဲ့ကြောင်းသိရသည်။

တရားခံ Ekaluck Paenoi သည် လုပ်ကြံသတ်ဖြတ်မှုအပြီး ကမ္ဘောဒီးယားနိုင်ငံဘက်သို့ထွက်ပြေးသွားခဲ့ပြီး ကမ္ဘောဒီးယားရဲတပ်ဖွဲ့မှဖမ်းဆီးက ထိုင်းနိုင်ငံဘက်သို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသိရသည်။

Telegram»…
https://t.me/positiveanglenews

PAN