(အားကစား) ဇန်နဝါရီ ၈
ပိုလန်တင်းနစ်မယ် ဆွီယာတက်ခ် က မကြာခင်မှာကျင်းပမယ့် ဩစတြေးလျအိုးပင်းပြိုင်ပွဲအတွက် အဆင်သင့်ဖြစ်နေပြီဖြစ်တယ်လို့ သိရပါတယ်။
ပိုလန်တင်းနစ်မယ် ဆွီယာတက်ခ် က ကမ္ဘာ့အဆင့်(၂) နေရာကို ကျဆင်းသွားခဲ့ရပြီးနောက် ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းမှာ တားမြစ်ဆေးပြဿနာကြောင့် တစ်လပွဲပယ် ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။
အသက် ၂၃ နှစ်အရွယ်သာ ရှိသေးတဲ့ ဆွီယာတက်ခ် ဟာ ဩစတြေးလျအိုးပင်းမှာ အောင်မြင်မှုရယူပြီး အမျိုးသမီးတင်းနစ်လောကကို နောက်တစ်ကြိမ် ထပ်မံစိုးမိုးနိုင်ဖို့ မျှော်လင့်နေတာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ကျင်းပသွားခဲ့တဲ့ ယူနိုက်တက်ဖလား အသင်းလိုက်တင်းနစ်ပြိုင်ပွဲမှာ ဆွီယာတက်ခ် ဟာ ပိုလန်အသင်းကို ဗိုလ်လုပွဲအထိ ရောက်အောင် ပို့ဆောင်ပေးနိုင်ခဲ့ပေမဲ့ ဗိုလ်လုပွဲမှာ ကိုကိုဂတ်ဖ် ကို အရှုံးပေးခဲ့ရတာကြောင့် ဒုတိယဆုနဲ့သာ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။
ဂရင်းစလမ်ချန်ပီယံဆုကို ၅ ကြိမ်ရထားတဲ့ ဆွီယာတက်ခ်ဟာ ဩစတြေးလျအိုးပင်းပြိုင်ပွဲမှာ ၂၀၂၂ ခုနှစ်က ဆီမီးဖိုင်နယ်ကို ရောက်ရှိခဲ့တာဟာ အမြင့်ဆုံးရောက်ရှိမှု ဖြစ်ခဲ့တာပါ။
ဆွီယာတက်ခ် အနေနဲ့ တားမြစ်ဆေးသုံးစွဲကြောင်း စစ်ဆေးတွေ့ရှိခဲ့တဲ့အတွက် ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၂ ရက်ကနေ အောက်တိုဘာလ ၄ ရက်အထိ ပွဲပယ် ပြစ်ဒဏ် ချမှတ်ခံထားရပြီး အဲဒီကာလအတွင်း ယှဉ်ပြိုင်တဲ့ WTA တိုး ပွဲစဉ် ၃ ခုကို လွဲချော်ခဲ့ရတာ ဖြစ်ပါတယ်။
Telegram»…
https://t.me/positiveanglenews