ဘာစီလိုနာအသင်းဥက္ကဋ္ဌ လာပေါ်တာ ကို ရာထူးမှထုတ်ပယ်ရန် ဘာစီလိုနာအသင်းပရိသတ်များတောင်းဆို


(အားကစား) ဇန်နဝါရီ ၈

လာလီဂါလိဂ်ရဲ့ ဒုတိယရာသီဝက်အတွက် ကစားသမားစာရင်း မှတ်ပုံတင်ရာမှာ ကွင်းလယ်လူတွေဖြစ်ကြတဲ့ အိုလ်မို နဲ့ ဗစ်တာ တို့ကို မှတ်ပုံမတင်နိုင်ခဲ့တဲ့အတွက် အသင်းဥက္ကဋ္ဌလာပေါ်တာကို ရာထူးကနေ နုတ်ထွက်ဖို့ ပရိသတ် တွေဆီက တောင်းဆိုမှုတွေ ရှိလာခဲ့ပါတယ်။

ဘာစီလိုနာအသင်းရဲ့ ပရိသတ်တွေဟာ အသင်းရဲ့ဘဏ္ဍာရေး အခြေအနေအပေါ် စိတ်ပျက်နေကြသလို အခုလိုလုပ်ဆောင်ရာမှာ လိုအပ်ချက်တွေရှိနေခဲ့တဲ့ လာပေါ်တာကိုလည်း စိတ်ပျက် နေကြတာ ဖြစ်ပါတယ်။

လာပေါ်တာ ဟာ ဘာစီလိုနာအသင်းရဲ့ဥက္ကဋ္ဌအဖြစ် ၂၀၂၆ ခုနှစ်အထိ တာဝန်ယူသွားရမှာ ဖြစ်ပေမယ့် အသင်းကို အားပေးတဲ့ အဖွဲ့အစည်း ၁၀ ဖွဲ့က ရာထူးကနေ နုတ်ထွက်ဖို့အတွက် တောင်းဆိုသွားခဲ့ကြတာ ဖြစ်ပါတယ်။

လာပေါ်တာ အနေနဲ့ ရာထူးကနေနုတ်ထွက်မပေးဘူးဆိုရင် ၂၀၂၆ ခုနှစ်မှာပြုလုပ်မယ့် အသင်းဥက္ကဋ္ဌ ရွေးချယ်ပွဲမှာ အဆိုပါအဖွဲ့အစည်း ၁၀ ဖွဲ့ဆီက ထောက်ခံမဲရရှိမှာ မဟုတ်ဘူးလို့လည်း သိရပါတယ်။

ဘာစီလိုနာ အသင်းဟာ အခုရာသီလာလီဂါ ၁၉ ပွဲကစားပြီးချိန်မှာ ရမှတ် ၃၈ မှတ်ရရှိထားခဲ့ပြီး အမှတ်ပေးဇယားရဲ့ အဆင့်(၃) နေရာမှာ ရပ်တည်နေသလို အသင်းရဲ့ စီမံခန့်ခွဲမှုတွေကလည်း ပရိသတ်တွေကြား စိတ်ပျက်စရာ ဖြစ်နေပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN