နေတိုးမှ အမေရိကန် နုတ်ထွက်ပါက ပြင်သစ်က ဥရောပသမဂ္ဂအဖွဲ့၏စစ်ရေးတွင် အဓိကကျောရိုးဖြစ်လာနိုင် ဟု ဆို


(နိုင်ငံတကာ) ဇန်နဝါရီ ၈

နေတိုးမှ အမေရိကန်နိုင်ငံ နုတ်ထွက်ခဲ့ပါက ပြင်သစ်နိုင်ငံသည် ဥရောပသမဂ္ဂအဖွဲ့၏စစ်ရေးတွင် အဓိက ကျောရိုးဖြစ်လာနိုင်ကြောင်း ကျွမ်းကျင်သူတစ်ဦးက ပြောသည်။

ထို့ပြင် ပြင်သစ်နိုင်ငံသည် သမိုင်းကြောင်းအရ အမှီအခိုကင်းပြီး လွတ်လပ်သည့် စစ်ရေးလမ်းကြောင်းအတိုင်း လျှောက်လှမ်းနေသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး တစ်ခါ တစ်ရံတွင် နေတိုးအဖွဲ့၏လမ်းကြောင်းမှ သွေဖည်သွားလေ့ရှိကြောင်း ဂရိနိုင်ငံ အေသင်မြို့ရှိ အေသင်ကောလိပ်မှ ပါမောက္ခ စတက်ရို့စ်ကာလန်တီရစ်ဒစ် က ပြောသည်။

အမေရိကန်က နေတိုးအဖွဲ့မှ နုတ်ထွက်မည်ဆိုပါက ဥရောပသမဂ္ဂအဖွဲ့အနေဖြင့် လစ်စဘွန်းသဘောတူညီချက်ပါ အပိုဒ် ၄၂.၇ ကို အသုံးချလာနိုင်ကြောင်း ကာလန် တီရစ်ဒစ် က ဆက်ပြောသည်။

၎င်းအပိုဒ် ၄၂.၇ အရ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် တစ်နိုင်ငံက အခြားတစ်နိုင်ငံကို အပြန်အလှန် အကူအညီ ပေးရမည်ဖြစ်ကြောင်း သိရသည်။

အမေရိကန်အနေဖြင့် နေတိုးအဖွဲ့အတွက် လိုအပ်သည့် အနည်းဆုံးစစ်ရေး အသုံးစရိတ်ကို ထည့်ဝင်ပေးအပ်ခြင်းမရှိသည့် အဖွဲ့ဝင်နိုင်ငံများကို အကာအကွယ်ပေးမည် မဟုတ်ကြောင်း မကြာမီ သမ္မတအဖြစ် တက်ရောက်လာမည့် ဒေါ်နယ်ထရမ့် က သတိပေးထားကြောင်း Sputnik သတင်းဌာန ဖော်ပြချက်အရ သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN