(မှုခင်း) ဇန်နဝါရီ ၈
ကချင်ပြည်နယ် ဝိုင်းမော်မြို့မှာ အသက် ၁၅ နှစ်အရွယ် ယောကျာ်လေးတစ်ဦး ဆိုင်ကယ်မတော်တဆမှု ဖြစ်ပြီး ပွဲချင်းပြီး သေဆုံးသွားတယ်လို့ လူမှုကယ်ဆယ်ရေးအသင်းတွေဆီက သိရပါတယ်။
ဇန်နဝါရီလ ၇ ရက်နေ့ မနက် ၇ နာရီအချိန်ခန့်က ဝိုင်းမော်မြို့ မိုင်းနားကျေးရွာမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အသက် ၁၅ နှစ်အရွယ် မောင် ခေါ်ဗျာလ ဆိုသူမှာ ဆိုင်ကယ်မတော်တဆ ထိခိုက်ဒဏ်ရာတွေကြောင့် သေဆုံးသွားခဲ့တယ်သိရပါတယ်။
အခု နှစ်သစ် ဝိုင်းမော်မြို့မှာ ယာဉ်မတော်တဆမှုကြောင့် သေဆုံးတာကတော့ ပထမဦးဆုံး ဖြစ်တယ်လို့ လူမှုကူညီရေးအသင်းတစ်ခုဖြစ်တဲ့ မွန်မြတ်စေတနာ လူမှုကယ်ဆယ်ရေးအသင်းက ပြောဆိုထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်း ဝိုင်းမော်မြို့မှာ ယာဉ်စည်းကမ်း လမ်းစည်းကမ်း မလိုက်နာမှုကြောင့် ထိခိုက်သေဆုံးမှုဖြစ်စဉ်တွေ ရှိခဲ့ပြီး ဒီဇင်ဘာလမှာတင် ယာဉ်တိုက်မှု ၈ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Telegram»…
https://t.me/positiveanglenews