Together Urban Force အဖွဲ့ဝင်တွေကိုဖမ်းဆီးပြီးနောက် ရန်ကုန်တွင် ပစ်ခတ်မှုဟုယူဆရသည့် မှုခင်းထပ်မံဖြစ်ပွား


(မှုခင်း) ဇန်နဝါရီ ၇

ရန်ကုန်မြိုအတွင်း ဖောက်ခွဲမှုများနှင့် လုပ်ကြံသတ်ဖြတ်မှုများ ဆောင်ရွက်ခဲ့ပြီး မရမ်းကုန်းမြိုနယ်တွင် တပ်မတော်အရာရှိတစ်ဦးအား သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့် Together Urban Force အဖွဲ့ဝင် ခုနှစ်ဦး လက်နက်၊ ခဲယမ်းများနှင့်အတူ ဖမ်းဆီးလိုက်ပြီးတဲ့နောက် ကြည့်မြင်တိုင်မြို့နယ်တွင် ပစ်ခတ်မှုဟုယူဆရသည့် မှုခင်းတစ်ခု ထပ်မံဖြစ်ပွားခဲ့သည်ဟု သိရသည်။

ကြည့်မြင်တိုင်မြို့နယ်၊ ဈေးကလေးရပ်ကွက်၊ ကမ်းနားလမ်းနှင့် ဗားကရာလမ်း၊ မီးပွိုင့်အလွန်တွင် ဇန်နဝါရီလ ၆ ရက်နေ့ ညနေ ၆ နာရီ ၄၅ မိနစ်အချိန်ခန့်က အမှတ်(၆၁၁)၊ မြမာလာလမ်း၊ သာကေတမြို့နယ်တွင် နေထိုင်သည့် အသက် ၅၀ နှစ်အရွယ် ဦးအောင်ရှိန်ဆိုသူမှာ လဲကျသေဆုံးနေကြောင်း သိရသည်။

အခင်းဖြစ်နေရာကို လုံခြုံရေးပူးပေါင်းအဖွဲ့များမှ သွားရောက်ရှိစစ်ဆေးခဲ့ရာ ဦးအောင်ရှိန်တွင် နဖူးတည့်တည့်တွင်ဒဏ်ရာ ၁ ချက်ရရှိပြီး လဲကျသေဆုံးနေခြင်းဖြစ်ကြောင်း သိရသည်။

ဦးအောင်ရှိန်ရရှိထားသည့်ဒဏ်ရာမှာ ကျည်ဖောက်ဝင်ဒဏ်ရာဟု ယူဆရသော်လည်း မည်သည့်ဒဏ်ရာဖြင့် ရရှိသေဆုံးနေသည်ကို သိရှိနိုင်ရေးအတွက် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ပို့ဆောင်ထားကြောင်း အခင်းဖြစ်ပွားရာနေရာနှင့်အနီးတစ်ဝိုက်အား လုံခြုံရေးပူးပေါင်းအဖွဲ့များမှ ပိတ်ဆို့ရှင်းလင်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN