(နိုင်ငံတကာ) ဇန်နဝါရီ ၇
အမေရိကန်နိုင်ငံအနေဖြင့် အိန္ဒိယကုမ္ပဏီများနှင့် အရပ်ဘက်သုံး နျူကလီးယားဆိုင်ရာ မိတ်ဖက် ပူးပေါင်း ဆောင်ရွက်ရန်အတွက် အတားအဆီးများကို ဖယ်ရှားရှင်းလင်းရေး အပြီးသတ်လုပ်ဆောင်လျက်ရှိကြောင်း အမေရိကန်အမျိုးသား လုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန် က ဇန်နဝါရီလ ၆ ရက်တွင် ပြောသည်။
အမေရိကန်နှင့် အိန္ဒိယနိုင်ငံတို့သည် အမေရိကန်မှ နျူကလီးယားဓာတ်ပေါင်းဖိုများအား အိန္ဒိယသို့ ထောက်ပံ့ပေးရေးနှင့်စပ်လျဉ်း ၍ လွန်ခဲ့သည့် ၂၀၀၀ ပြည့်နှစ်များမှစ၍ ဆွေးနွေးလာခဲ့ခြင်းဖြစ်သည်။
သို့ရာတွင် အိန္ဒိယနိုင်ငံ၏ အချို့စည်းမျဉ်း များကြောင့် အဆိုပါ နျူကလီးယားဓာတ်ပေါင်းဖိုများအား နိုင်ငံအတွင်းသို့ လွှဲပြောင်းပေးရာတွင် အခက်အခဲ၊ အတားအဆီးများနှင့် ကြုံတွေ့ခဲ့ရသည်။
အိန္ဒိယနိုင်ငံသို့ အရပ်ဘက်သုံး နျူကလီးယားနည်းပညာ လွှဲပြောင်းပေးရန် အမေရိကန်သမ္မတဟောင်း ဂျော့ဒဗလျူဘုရှ် လက်ထက်တွင် လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။ သို့သော် ယခုအခါ အမေရိကန်နှင့်အိန္ဒိယတို့ ကြား နျူကလီးယားနည်းပညာလွှဲပြောင်းပေးရေးအတွက် လိုအပ်သည့်အတားအဆီးများကို ကျော်ဖြတ်နိုင်ရန် အပြီးသတ်လုပ်ဆောင်လျက်ရှိကြောင်း အိန္ဒိယနိုင်ငံသို့ နှစ်ရက်ကြာအလည်အပတ်ရောက်ရှိနေသည့် ဆူလီဗန် က ပြောကြားခြင်း ဖြစ်သည်။
အမေရိကန်အနေဖြင့် အိန္ဒိယနိုင်ငံတွင် နျူကလီးယားစွမ်းအင်သုံးစက်ရုံ ၆ ခု တည်ဆောက်ပေးရန် အမေရိကန်နှင့်အိန္ဒိယနှစ်နိုင်ငံကြား သဘောတူညီချက်တစ်ရပ်ကို ၂၀၁၉ ခုနှစ်တွင် လက်မှတ် ရေးထိုးခဲ့ကြောင်း ST သတင်းဌာန ဖော်ပြချက်အရ သိရသည်။
Telegram»…
https://t.me/positiveanglenews