ရွှေပြည်သာ မီးလောင်မှုတွင် အမျိုးသမီး ၁ ဦးနှင့် ခွေးတစ်ကောင်သေဆုံး


(မှုခင်း) ဇန်နဝါရီ ၅

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ (၅)ရပ်ကွက်၊ သီရိမင်္ဂလာမြို့ပတ်လမ်းတွင် ယနေ့ ဇန်နဝါရီ ၇ ရက်နေ့ နံနက် ၄ နာရီ ၅၀ မိနစ်အချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး မီးလောင်သည့်နေရာသို့ ရွှေပြည်သာမြို့နယ် မီးသတ်ဦးစီဌာနမှ Level 1 ယာဉ်အုပ်စုများ ထွက်ခွာ မီးငြိမ်းသတ်ခဲ့ရာ နံနက် ၆ နာရီ ၁၉ မိနစ် အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်းသိရသည်။

အခင်းဖြစ်ပွားရာနေရာတွင် မီးစွဲလောင်ကျွမ်းနေသည့် အမျိုးသမီးရုပ်အလောင်းတစ်လောင်းနှင့် အိမ်မွေးခွေးတစ်ကောင်တွေ့ရှိရခဲ့ပြီး ထိုအမျိုးသမီး မည်သူမည်ဝါဆိုတာကို အတည်မပြုနိုင်ကြောင်း ဒေသခံများ၏ပြောကြားချက်အရ သိရသည်။

“လောလောဆယ်တော့ မီးစလောင်တဲ့အခန်းလို့ ယူဆရတဲ့ အခန်းမှာ ငှားနေတဲ့ ဒေါ်မို့မြင့်စံ က ပျောက်ဆုံးနေတယ်။ အခုရုပ်အလောင်းက ဒေါ်မိုးမြင့်စံ လို့တော့ ယူစလို့ရတယ်” အတိအကျတော့မပြောနိုင်သေးဘူးလို့ အမှတ် (၅/၆) ရပ်ကွက်တွင် နေထိုင်သူတစ်ဦးမှ ပြောသည်။

ယနေ့နံနက်ပိုင်းက ရွှေပြည်သာမြို့နယ် အမှတ် ( ၅/၆) ရပ်ကွက် ရွက်လှပန်းခြံ | သီရိမဂ်လာမြို့ပတ်လမ်းမှ ထားဝယ်သားအဆောင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး ယင်းအဆောင်တွင် ငှားရမ်းနေထိုင်နေသည့် အသက် ၄၀ နှစ်အရွယ် ဒေါ်မို့မြင့်စံ ဆိုသူဟာလည်းပျောက်ဆုံးနေပြီး မီးလောင်ကျွမ်းခဲ့သူမှာ ပျောက်ဆုံးနေသည့် ဒေါ်မို့မြင့်စံ ဟုတ်မဟုတ်ကိုတော့ သက်ဆိုင်ရာမှ စုံစမ်း စစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါမီးလောင်မှုကြောင့် လိုင်ခန်း ၃ ခန်း၊ ပရင်းကျောက်ရောင်းသည့်စျေးဆိုင်နှင့် ဂိမ်းဆိုင်တို့ မီးလောင်သွားခဲ့ပြီး သေဆုံးသည့် ရုပ်အလောင်းကို အင်းစိန်ဆေးရုံသို့ We Love Care လူမှုဘဝစောင့်ရှောက်မှုယာဥ်ဖြင့် ပို့ဆောင်ထားကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN