(မှုခင်း) ဇန်နဝါရီ ၇
ကျောက်ဆည်မြို့နယ်တွင် ရပ်နားထားသည့် ဆီဘောက်ဆာယာဉ်အား SHACLAH အမျိုးအစားယာဉ်မှ ရှေ့ညာဘက်ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မှု ယနေ့ ဇန်နဝါရီလ ၇ ရက်နေ့ နံနက် ၇ နာရီ ၅ မိနစ် အချိန်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် သစ်ကြီးတန်းရပ်ကွက်၊ မြို့ရှောင်လမ်း၊ မိုင်တိုင်အမှတ်(၅/၇)နှင့် (၆)မိုင်ကြားတွင် ရန်ကုန်မှ မန္တလေးသို့ မောင်းနှင်လာသည့် Sino Truck HOWO အမျိုးအစား ဆီဘောက်ဆာယာဉ်သည် ရပ်နားထားစဉ် သာစည်မှ မန္တလေးသို့ မောင်းနှင်လာသော SHACLAH အမျိုးအစားယာဉ်မှ ရှေ့ညာဘက်ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ ဆီဘောက်ဆာယာဉ်အား ဝင်တိုက်ခဲ့ရာ ဆီကန်ပေါက်၍ ဆီများယိုစိမ့်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
အဆိုပါယာဉ်တိုက်မှုဖြစ်ပွားရသို့ ကျောက်ဆည်ခရိုင်မီးသတ်စခန်းမှ ရေသယ်ယာဉ်(၁)စီး၊ ကျောက်ဆည်မြိုနယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီးတို့ဖြင့် မီးလောင်မှုမဖြစ်ပွားစေရေး အအေးပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်ဟု သိရပြီး ဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews