မြန်မာနိုင်ငံသားအဖြစ်ကနေ စွန့်လွှတ်လိုသူတွေ လျှောက်ထားနိုင်တယ်လို့ စင်ကာပူရှိ မြန်မာသံရုံးထုတ်ပြန်


(ပြည်တွင်း) ဇန်နဝါရီ ၇

မြန်မာနိုင်ငံသားအဖြစ်ကနေ စွန့်လွှတ်လိုသူတွေအနေနဲ့ စာရွက်စာတမ်းအထောက်အထားအပြည့်အစုံနဲ့တကွ လျှောက်ထားတင်ပြနိုင်တယ်လို့ စင်ကာပူရှိ မြန်မာသံရုံးက အသိပေးထုတ်ပြန်ထားပါတယ်။

လိုအပ်မယ့်စာရွက်စာတမ်းများက နိုင်ငံသားစွန့်လွှတ်လိုကြောင်းလျှောက်လွှာ၊ ကိုယ်ရေးအကျဉ်းချုပ် (မိဘအမည်၊ မွေးသက္ကရာဇ်၊ ကိုင်ဆောင်ထားတဲ့ လက်မှတ်နံပါတ်၊ မြန်မာနိုင်ငံမှာ နောက်ဆုံးနေထိုင်ခဲ့တဲ့ လိပ်စာ အပြည့်အစုံ၊ မိဘနဲ့မောင်နှမတွေရဲ့ မြန်မာပြည်နေရပ်လိပ်စာ အပြည့်အစုံနဲ့ မိဘရဲ့မောင်နှမတွေရဲ့ မြန်မာပြည် နေရပ်လိပ်စာ အပြည့်အစုံ) တို့ဖြစ်ပါတယ်။

ဒါ့အပြင်စင်ကာပူအစိုးရ Immigration and Checkpoints Authority ထံမှ မြန်မာနိုင်ငံသားအဖြစ်မှ စွန့်လွှတ်ကြောင်း အထောက်အထားတောင်းခံစာ၊ မြန်မာနိုင်ငံကူးလက်မှတ်၊ မြန်မာနိုင်ငံသားစိစစ်ရေးကတ်ပြား မူရင်း၊ (လျှောက်ထားဖူးခြင်းမရှိပါက နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်ထားခြင်း မရှိကြောင်းတင်ပြစာ)၊ အိမ်ထောင်စု စာရင်းမိတ္တူ (အိမ်ထောင်စု စာရင်းမှာ ထည့်သွင်းထားခြင်းမရှိပါက မရှိကြောင်းတင်ပြစာ၊ မိဘ၊ မောင်နှမများ၏ အိမ်ထောင်စုစာရင်းမိတ္တူ)နဲ့ မွေးစာရင်းမိတ္တူတို့လည်း လိုအပ်ပါတယ်။

အဆိုပါစာရွက်စာတမ်း အပြည့်အစုံကို ပြန်လည်အပ်နှံနိုင်ခြင်းမရှိတဲ့ လျှောက်ထားမှုတွေကိုတော့ ထောက်ခံစာ ထုတ်ပေးမှာ မဟုတ်ဘူးလို့လည်း အသိပေးထားပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN