မြန်မာနိုင်ငံသားကျောင်းသူ/သားများ ပညာသင်ဆုလျှောက်ထားနိုင်ကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံးအသိပေး


(ပြည်တွင်း) ဇန်နဝါရီ ၇

ကိုရီးယားသမ္မတနိုင်ငံရှိ တက္ကသိုလ်တစ်ခုခုတွင် ဘွဲ့ကြို၊ မဟာဘွဲ့နှင့် ဒေါက်တာဘွဲ့ တက်ရောက်ခွင့် ရရှိထားပြီး ကျောင်းလခနှင့် နေထိုင်စရိတ်အခက်အခဲရှိနေတဲ့ မြန်မာနိုင်ငံသား ကျောင်းသား/ကျောင်းသူများ အနေနဲ့ Global Elim Foundation မှပေးအပ်မယ့် ပညာသင်ဆုကို လျှောက်ထားနိုင်ကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံးက အသိပေးထုတ်ပြန် ထားပါတယ်။

အဆိုပါပညာသင်ဆုကို ပေးအပ်ရာမှာ ကိုရီးယားဘာသာစကားသင်တန်း တက်ရောက်နေသူများ ပါဝင်မှာ မဟုတ်ဘဲ သတ်မှတ်ထားတဲ့ အရည်အချင်းနှင့် ကိုက်ညီသော မြန်မာနိုင်ငံသား ကျောင်းသား/ကျောင်းသူ ၂ ဦးကိုသာ Global Elim Foundation Scholarship (GEFS) ပညာသင်ဆုကို စိစစ်ရွေးချယ် ပေးအပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

လျှောက်ထားလိုသူများအနေနဲ့ လိုအပ်တဲ့ စာရွက်စာတမ်း/အထောက်အထားများကို ပြည့်စုံစွာဖြည့်စွက်ပြီး ဇန်နဝါရီလ ၂၃ ရက်၊ ညနေ ၄ နာရီ နောက်ဆုံးထား၍ Myanmar Embassy, Hannam-daero 28-gil 12, Yongsan-gu, Seoul, 044183 သို့ လူကိုယ်တိုင်လာရောက်၍သော်လည်းကောင်း၊ စာတိုက်မှတစ်ဆင့် သတ်မှတ်ချိန်အမီ အရောက်ပေးပို့ ၍သော်လည်းကောင်း၊ [email protected] သို့ ပေးပို့၍လည်း လျှောက်ထား နိုင်ပါတယ်။

သတ်မှတ်ရက်ထက်ကျော်လွန်ပြီးမှ ရောက်ရှိလာတဲ့ လျှောက်လွှာများကို လက်ခံစဉ်းစားပေးမှာ မဟုတ်ဘူးလို့ အသိပေးကြေညာထားပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN