မော်လမြိုင်-သံဖြူဇရပ်ကားလမ်းပေါ်တွင် မောင်းနှင်‌နေသော မန္တလာမင်းခရီးသည်တင်မှန်လုံယာဉ်ကို အကြမ်းဖက်အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်


(မှုခင်း) ဇန်နဝါရီလ ၇

ဇန်နဝါရီလ ၅ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် မုဒုံမြို့ဘက်မှ သံဖြူဇရပ်မြို့ဘက်သို့ မောင်းနှင်လာသည့် မန္တလာမင်းခရီးသည်တင်မှန်လုံယာဉ်အား အကြမ်းဖက်အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ မော်တော်ယာဉ်ကို မွန်ပြည်သစ်(ခွဲထွက်)အဖွဲ့ခေါင်းဆောင်အမည်မသိအဖွဲ့မှ ယူနီဖောင်းဝတ်ဖြင့် လက်နက်ငယ်များကိုင်ဆောင်ကာ ဖမ်းဆီးခေါ်ဆောင်းသွားခြင်းဖြစ်ပြီး ယာဉ်ပေါ်ပါလာသူ ခရီးသည်များကို ပြန်လည်စေလွှတ်၍ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်အပါအဝင် ခရီးသည်တင်ယာဉ်အား ကွမ်လှာကျေးရွာ၊ သုဿန်ဘက်ဆီသို့ မောင်းနှင် ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်ကို နယ်မြေခံလုံခြုံရေအဖွဲ့မှ အချိန်နှင့်တပြေးဆောင်ရွက်ခဲ့ရာ အဆိုပါယာဉ်ကို ဇန်နဝါရီလ ၆ ရက်နေ့ မွန်းလွဲ ၁ နာရီ ၂၅ မိနစ်အချိန်ခန့်တွင် မော်လမြိုင်-သံဖြူဇရပ်ကားလမ်း အရှေ့ဘက်ရှိ ကွမ်လှာကျေးရွာ၊ သုဿန်အနီးတွင် ရပ်တန့်ထားသည်ကိုတွေ့ရှိရပြီး ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်(၂)ဦးကိုတော့ မတွေ့ရှိရသေးကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ မော်တော်ယာဉ်ကို လုံခြုံရေးအဖွဲ့မှ ပြန်လည်မောင်းနှင်ယူဆောင်လာခဲ့ပြီး ကျူးလွန်သူအကြမ်းဖက်အဖွဲ့များကို ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN