(နိုင်ငံတကာ) ဇန်နဝါရီ ၇
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်း၌ ကျဆင်း လာခဲ့ကြောင်း ယင်းနိုင်ငံစာရင်းအင်းဗျူရိုက နောက်ဆုံးထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။
နိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းသည် ၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင် ၁၁ ဒသမ ၃၈ ရာခိုင်နှုန်းရှိခဲ့သော်လည်း ဒီဇင်ဘာ လတွင် ၁၀ ဒသမ ၃၉ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ကြောင်း ထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။
နိုင်ငံအတွင်း ငွေကြေးဖောင်းပွမှုနှုန်း ကျဆင်းလာြခင်းသည် ဆောင်းသီးနှံများနှင့် အစားအသောက်မဟုတ်သည့် ကုန်ပစ္စည်းများ ၏ဈေးနှုန်းများ ဆက်တိုက်ကျဆင်းလာခြင်းဖြစ်ကြောင်း သိရသည်။
အစားအသောက်မဟုတ်သည့် ကုန်ပစ္စည်းများအတွက် ငွေကြေးဖောင်းပွမှုနှုန်းသည် ၂၀၂၄ ခုနှစ် နိုဝင်ဘာ လတွင် ၉ ဒသမ ၃၉ ရာခိုင်နှုန်းရှိခဲ့ရာမှ ဒီဇင်ဘာလတွင် ၉ ဒသမ ၂၆ ရာခိုင်နှုန်းသည် ကျဆင်းလာခဲ့ကြောင်း သိရသည်။
ဘင်္ဂလားဒေ့ရှ်အစိုးရသည် ၂၀၂၄-၂၅ ခုနှစ်အတွက် ငွေကြေးဖောင်းပွမှုနှုန်းသည် ၆ ဒသမ ၅ ရာခိုင်နှုန်း ရှိမည်ဟု အစောပိုင်းက ထုတ်ပြန်ထားသော်လည်း နောက်ပိုင်းတွင် ၆ ရာခိုင်နှုန်းအထိ လျှော့ချခဲ့သည်ဟု ဆင်ဟွာ သတင်းဌာနတွင် ဖော်ပြထားသည်။
Telegram»…
https://t.me/positiveanglenews