ဗီနီစီးယက်စ် ပွဲပယ်ပြစ်ဒဏ်မခံရရန် မျှော်လင့်မိတယ်လို့ဆိုတဲ့ အန်ဆလော့တီ


(အားကစား) ဇန်နဝါရီ ၇

ရီးရဲလ်အသင်းရဲ့နည်းပြ အန်ဆလော့တီက ဗလန်စီယာအသင်းနဲ့ပွဲစဉ်မှာ အနီကတ်ပြခံခဲ့ရတဲ့ ဗီနီစီးယက်စ် အနေနဲ့ ပွဲပယ်မခံရဖို့ မျှော်လင့်မိတယ်လို့ ပြောကြားခဲ့ပါတယ်။

ဗီနီစီးယက်စ် ဟာ ဗလန်စီယာအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ပြိုင်ဘက်ဂိုးသမားကို တွန်းခဲ့တာကြောင့် ပွဲချိန် ၇၉ မိနစ်မှာ အနီကတ်ပြ ထုတ်ပယ်ခံ ခဲ့ရတာ ဖြစ်ပါတယ်။

ဗီနီစီးယက်စ်ရဲ့ အနီကတ်ပြစ်ဒဏ်ဟာ ပြင်းထန်တာကြောင့် အယူခံဝင်ဖို့အတွက် ရီးရဲလ်အသင်းက လုပ်ဆောင်နေပြီး ကျူးလွန်ခဲ့တဲ့အနေအထားက အနီကတ်မဟုတ်ဘဲ အဝါကတ်လောက်သာ ဖြစ်သင့်တာကြောင့် ပွဲပယ်မခံရဖို့အတွက် မျှော်လင့်မိတယ်လို့ ရီးရဲလ်နည်းပြ အန်ဆယ်လော့တီ က ပြောကြားခဲ့ပါတယ်။

ဗလန်စီယာအသင်းနဲ့ ပွဲစဉ်က အသင်းသားတိုင်းအတွက် ခက်ခဲခဲ့ရသလို ဗီနီစီးယက်စ် ကလည်း သူ့ရဲ့လုပ်ရပ် အတွက် တောင်းပန်ခဲ့တယ်လို့ နည်းပြ အန်ဆယ်လော့တီက ဆက်လက်ပြောကြားခဲ့ပါတယ်။

ရီးရဲလ်အသင်းဟာ ဗလန်စီယာအသင်းနဲ့ ပွဲစဉ်မှာ ပွဲကစားချိန် ၈၄ မိနစ်ထိ ရှုံးနိမ့်နေခဲ့သလို တစ်ယောက်လျော့နဲ့ ကစားခဲ့ရပေမယ့် ပွဲအပြီးမှာ အနိုင်ရရှိအောင် ကစားနိုင်ခဲ့ပါတယ်။

အခုပွဲစဉ်မှာ အနိုင်ရခဲ့တာကြောင့် ရီးရဲလ်အသင်းဟာ လာလီဂါပွဲစဉ် ၁၉ ပွဲမှာ ၁၃ ပွဲနိုင်၊ ၄ ပွဲသရေ၊ ၂ ပွဲရှုံးနဲ့ ရမှတ် ၄၃ မှတ်နဲ့အတူ အမှတ်ပေးဇယားရဲ့ အဆင့်(၁)နေရာမှာ ဆက်လက်ဦးဆောင်နိုင်ခဲ့ပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN