ပြည်ကြီးတံခွန်မြို့နယ်တွင် အကြမ်းဖက် PDF ၂ ဦး ဖမ်းဆီးရမိ


(ပြည်တွင်း) ဇန်နဝါရီ ၇

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ငွေတော်ကြည်ကုန်းရပ်ကွက်၊ ၆၈×မင်္ဂလာလမ်းဆုံ၌ သက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိသူများမှ ရှောင်တခင်ပိတ်ဆို့ စစ်ဆေးစဥ် အကြမ်းဖက်အဖွဲ့ဝင် ၂ ဦး ဖမ်းဆီးရမိကြောင်း သိရသည်။

ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်ခန့်က ၆၈×မင်္ဂလာလမ်းဆုံ၌ ကားများ၊ မီနီအိုးဝေများ၊ ဆိုင်ကယ်များအား လုံခြုံရေးတာဝန်ရှိသူများမှ ရှောင်တခင်ပိတ်ဆို့ပြီး စစ်ဆေးစဥ် MDY-……… မီနီအိုးဝေဖြင့်လိုက်ပါလာသော အောင်ဇော်ထက်(ခ)ကာတွန်း၊ ၂၀ နှစ်၊ (ဘ)ဦးလှမင်း၊ ကုလားကျောင်းကျေးရွာ၊ ကျောက်ဆည်မြို့နယ်နေသူနှင့် မင်းသက်ခိုင်(ခ)အကြီးကောင်၊ ၁၉ နှစ်၊ (ဘ)ဦးတူးတူး၊ ကုလားကျောင်းကျေးရွာ၊ ကျောက်ဆည်မြို့နယ်နေသူတို့အား တွေ့ရှိစစ်ဆေးခဲ့ရာ ၎င်းတို့ ၂ ဦးမှာ အကြမ်းဖက် PDF အဖွဲ့ဝင်များဖြစ်ကြောင်း စစ်ဆေးဖော်ထုတ်ချက်အရ သိရသည်။

အဆိုပါ ဖမ်းဆီးရမိသူ ၂ ဦးသည် စစ်ကိုင်းရွာသစ်ကြီး၊ မြင်းဇယ်ရွာ၊ စစ်ကိုင်း DKDF PDF တပ်ရင်း(၈)မှ အဖွဲ့ဝင်များဖြစ်ကြောင်း၊ အဖွဲ့ဝင် ၁၅ ဦးခန့်ရှိကြောင်း၊ခေါင်းဆောင်မှာ ဦးဒေဝ ဖြစ်ကြောင်း၊ တပ်ရင်း(၈)တွင် ၃ လခန့်နေပြီးပြန်လာခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပြီး တာဝန်ရှိသူများမှ ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN