ပေါင်းတလည်ကျေးရွာအုပ်စု အနီးတွင် အကြမ်းဖက် PDF အဖွဲ့မှ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦးတို့အား အကြောင်းမဲ့သတ်ဖြတ်


(ပြည်တွင်း) ဇန်နဝါရီ ၇

ပဲခူးတိုင်းဒေသကြီး (အနောက်)၊ ပြည်မြို့နယ်၊ ပေါင်းတလည်ကျေးရွာအုပ်စုအနီးတွင် ယနေ့မွန်းတည့် ၁၂ နာရီဝန်ကျင်ခန့်က အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦးတို့အား အကြမ်းဖက် PDF အဖွဲ့မှ အကြောင်းမဲ့ သတ်ဖြတ်သွားကြကြောင်း ဒေသခံများ၏ပြောကြားချက်အရ သိရသည်။

ပေါင်းတလည်ကျေးရွာ၏ မြောက်ဖက် ၃ မိုင်ခန့်အကွာရှိ ရေကြည်ကုန်းရွာ၊ အုပ်ဆွဲအုပ်စုနေ ဦးဇော်မင်းဦး(ခ)ဦးချစ်ကို(ခ)ချက်ဖေါင်း၊ ၄၀ နှစ်နှင့် ဇနီးတော်စပ်သူ မဇာဖြူနှင်း၊ ၃၀ နှစ်၊ တို့နေအိမ်တွင်ရှိနေစဉ် မွန်တည့် ၁၂ နာရီအချိန်ခန့်တွင် အကြမ်းဖက် PDF အဖွဲ့ဝင် ၄ ဦးတို့သည် ဆိုင်ကယ် ၂ စီးဖြင့်‌ရာက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့ကြောင်း သိရသည်။

အဆိုပါ ပတ်ခတ်မှုကြောင့် ဦးချစ်ကိုတွင် ယာဂုတ်ဖေါက်ဝင် ယာပါးပွင့်၊ ဝဲတတောင်ဖေါက်ထွက်ဒဏ်ရာ၊ မဇာဖြူနှင်းတွင် ဝဲနားထင်ဖေါက်ဝင်၊ ယာနားထင်ပွင့်ဒဏ်ရာတို့ရရှိကာ အခင်းဖြစ် နေရာတွင်ပင် သေဆုံးသွားကြောင်း သိရှိရသည်။

အလားတူ ပေါင်းတလည်ကျေးရွာ၏ တောင်ဖက် ၂ မိုင်ခန့်အကွာရှိ မြို့လှကျေးရွာ၊ ဗျူးကုန်းအုပ်စု၊ ရာအိမ်မှူးဖြစ်သူ ဦးအောင်နိုင်ဦး၊ ၅၀ နှစ်သည်၎င်း၏နေအိမ်၌ရှိနေစဉ် ယနေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်အချိန်ခန့်က အကြမ်းဖက် PDF အဖွဲ့ဝင် ၆ ဦးမှ ဆိုင်ကယ် ၃ စီး၊ သေနတ်အရှည် ၂ လက်တို့ဖြင့်ရောက်ရှိလာပြီး ရာအိမ်မှူးဖြစ်သူအား သေနတ်ဖြင့် ၄ ချက်ခန့် ပစ်ခတ်ခဲ့ သဖြင့် ဝဲပေါင်၊ ဝဲ/ယာလက်၊ ရင်ဘတ်တို့တွင် ဒဏ်ရာများရရှိခဲ့သဖြင့် ၁၂ နာရီ ၄၀ မိနစ်အချိန်ခန့်တွင် ဆေးကုသမှုခံယူရန် ပြည်မြို့ ကုတင်(၅၀၀)ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရှိရသည်။

Telegram»…
https://t.me/positiveanglenews

PAN