(ပြည်တွင်း) ဇန်နဝါရီ ၆
ဘားအံမြို့နဲ့ ၁၁ မိုင်ခန့်အကွာ သံလွင်မြစ်အနောက်ခြမ်းမှာရှိတဲ့ ဘားအံမြို့နယ် နှစ်ခြားကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစံနုကို ကျားဘီလူးအဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
ဇန်နဝါရီလ ၆ရက်နေ့ ည ၉ နာရီအချိန်ခန့်က ဘုရားပွဲခင်းအတွင်းက မုန့်ဟင်းခါးဆိုင်မှာ မုန့်ဟင်းခါးစားနေစဥ် ကျားဘီလူးအဖွဲ့ဝင် ၂ ဦးရောက်ရှိလာပြီး ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့လည်း သိရပါတယ်။
” အုပ်ကြီးမုန့်ဟင်းခါးစားနေတဲ့အချိန်မှာ တစ်ယောက်က ပစ္စတိုထုတ်ပြီးထောက်ထားတယ် တစ်ယောက်က လက်ထိပ်ခတ်ပြီးခေါ်ဆောင်သွားတယ်” လို့ မြင်တွေ့လိုက်ရတဲ့ ဒေသခံတွေက ပြောပါတယ်။
သတင်းအရင်းအမြစ်တွေရဲ့ ပြောဆိုချက်အရ ကျားဘီလူးအဖွဲ့ဟာ ပန်းကုန်းရွာ ငါးနက်ပြာတဝိုက်မှာအင်အား (၂၀)ဦးခန့်နဲ့ လှုပ်ရှားနေတယ်လို့ သိရပါတယ်။
Telegram»…
https://t.me/positiveanglenews