(ပြည်တွင်း) ဇန်နဝါရီ ၇
စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့တွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်က ဒေသတွင်းတိုက်ပွဲများကြောင့် တောင်တက်ဘုရား ဖူးခရီးများကို ၂၀၂၄ ခုနှစ်ကုန်အထိ ယာယီ ပိတ်ထားရာမှ ပြန်လည်ခွင့်ပြုပေးလိုက်ပြီဖြစ်သည်ဟု သိရသည်။
ဗန်းမောက်မြို့ရှိ လွိုင်စန့်လုံ(ခေါ်) ဇလုံတောင်တက် ဘုရားဖူးခရီးစဉ်ကိုလည်း ဇန်နဝါ ရီ(၆)ရက်နေ့မှ စတင်၍ သက်ဆိုင်ရာမှ ပြန်လည်ခွင့်ပြုပေးလိုက်ပြီဖြစ်ကြောင်း ဒေ သခံများထံက သိရသည်။
ဇလုံတောင်ဖွင့်ပွဲကို ဇန်နဝါရီလ ၆ ရက်နေ့က ဗန်းမောက်မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပြီး ဘုရားဖူးများနှင့် တောင်တက်မော်တော်ယာဉ်လိုင်းများ ပြန်လည်ဖွင့်ပေးလိုက်ခြင်းဖြစ်သည် ဟုလည်း သိရသည်။
ဇလုံတောင်သည် မြန်မာနိုင်ငံတစ်ဝန်း တန်ခိုးကြီးဘုရားများအနက် ဗန်းမောက်မြို့ရှိ အထင်ကရ ဘုရားတစ်ဆူဖြစ်ပြီး၊ ပြည်တွင်း/ပြည်ပ ခရီးသွားလုပ်ငန်းဖော်ဆောင်ရာ ဒေသတစ်ခုတွင်ပါဝင်ကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews