(ကျန်းမာရေး)ဇန်နဝါရီ ၇
PAN ပရိတ်သတ်များအတွက် ကျန်းမာရေး ဗဟု သုတရစေဖို့ ဒီနေ့ ကျန်းမာရေးကဏ္ဍကနေ ကျန်းမာ ရေး ထိခိုက်စေတဲ့ အကျင့်ဆိုးများ အကြောင်း ကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။
နံနက်စာ စားခြင်းဟာ အလုပ်ခွင်နဲ့ စာသင် ကျောင်းမှာ စွမ်းဆောင်ရည် ပိုမိုမြင့်မားလာစေပါတယ်။ နံနက်စာ မစားရင် သွေးကြောသကြားဓာတ် လျော့ နည်းပြီး မောပန်း ခေါင်းကိုက်တာတွေ ဖြစ်တတ်ပါတယ်။ အစာစားပြီးခါစမှာ ရေအဝသောက်ရင် အစာ ခြေဖျက်မှုကို အနှောက်အယှက်ဖြစ်စေတတ်တဲ့အတွက် အစာစားပြီးစမှာ ရေသောက်ခြင်းကို ရှောင်ပေးပါ။
အရက်ဟာ အသည်းနဲ့အစာအိမ်ကို ထိခိုက်စေပြီး ခန္ဓာကိုယ်ဖွံ့ဖြိုးမှု ၊ အစာခြေဖျက်မှုနဲ့ အာဟာရစုပ်ယူမှု စတဲ့ ဇီဝဖြစ်စဉ်တွေကို ကမောက်ကမ ဖြစ်စေပြီး သောက်သုံးသူကို အသက်အရွယ် အိုမင်းရင့်ရော်စေပါတယ်။
အလွန်အကျွံအိပ်ရင်လည်း ခန္ဓာကိုယ်ဖွံ့ဖြိုးမှု ၊ အစာခြေဖျက်မှုနဲ့ အာဟာရစုပ်ယူမှု စတဲ့ ဇီဝဖြစ်စဉ် နှေးကွေးတာ ၊ အာရုံခံမှု စွမ်းရည်လျော့ပါးတာနဲ့ ခုခံအားကျဆင်းတာတွေ ဖြစ်လာပြီး နှလုံးနဲ့ လေဖြတ်ရောဂါတွေ ကို ဖြစ်စေနိုင်ပါတယ်။
အစာစားပြီးတိုင်း သွားတိုက်ခြင်းက ခံတွင်းနဲ့သွားရောဂါ ၊ အဆစ်အမြစ်နဲ့ ကျောက်ကပ်ရောင်ရမ်းတာ တွေကို ကာကွယ်နိုင်ပါတယ်။ ဒါပေမယ့် သွားအကြာကြီးတိုက်ရင် သွားဖုံးတွေ ပျက်စီးပြီး သွားဖွံဖြိုးမှုကို ထိခိုက်စေပါတယ်။
မျက်နှာခဏခဏသစ်ရင် မျက်နှာအရေပြားကို ပျက်စီးစေနိုင်ပြီး ရုပ်လည်းကျစေပါတယ်။ ဆပ်ပြာနည်းနည်းနဲ့ တစ်နေ့သုံးကြိမ်ပဲ သစ်တာ အကောင်းဆုံးပါပဲ။
ဒေါက်မြင့်ဖိနပ်စီးခြင်းက အဆစ်တွေကို စောစီးစွာ ပျက်စီးစေနိုင်ပြီး ခြေထောက် ၊ ခြေမျက်စိ ၊ ဒူး ၊ ပေါင်ခြံနဲ့ ကျောရိုးနာကျင်မှုကို မကြာခဏ ခံစားရတတ်ပါတယ်။ ဒေါက်မြင့်ဖိနပ်နဲ့ လမ်းခဏခဏ လျှောက်ခြင်းဟာ ခြေထောက်ရိုးတွေကို ပျက်စီးစေနိုင်ပါတယ်။
လူတိုင်းက လေ့ကျင့်ခန်းလုပ်ဖို့ အရေးကြီးတာနဲ့ လေ့ကျင့်ခန်းမလုပ်ရင် ဖြစ်နိုင်ခြေရှိတဲ့ ကျန်းမာရေးပြဿနာတွေအကြောင်းကို သိကြပါတယ်။ ဒါပေမဲ့ အထိုင်များခြင်းက ဘယ်လောက် ဆိုးတယ်ဆိုတာကို သေချာမသိကြပါဘူး။ လေ့လာမှုတွေအရ မကြာခဏထိုင်ခြင်းက နှလုံးရောဂါနှင့် အခြားကျန်းမာရေးပြဿနာများ ဖြစ်နို်င်ခြေများခြင်း၊ စိတ်ကျန်းမာရေး လျော့ကျလာခြင်းတွေနဲ့ ဆက်စပ်နေတယ်လို့ တွေ့ရှိရပါတယ်။
လေ့ကျင့်ခန်း ပုံမှန်လုပ်နေပေမယ့်လည်း နေ့ဘက်တွေမှာ အထိုင်များနေတယ်ဆိုရင်လည်း ကျန်းမာရေးပြဿနာတွေ ဖြစ်နို်င်ခြေ များတုန်းပါပဲ။ ကျွမ်းကျင်သူတွေက အထိုင်များခြင်းကို ဆေးလိပ်သောက်နည်းသစ်လို့တောင်မှ သမုတ်ကြပါတယ်။ ဘာလို့လဲဆိုတော့ အထိုင်များတဲ့သူတွေက ဆေးလိပ်သောက်သူတွေလိုပဲ ကျန်းမာ ရေး ထိခိုက်နိုင်ပါတယ်။ ဒီတော့ အလုပ်မှာ ထိုင်ဖို့ လိုတယ်ဆိုရင်တောင် တတ် နိုင်သမျှ မတ်တပ်ရပ်ဖို့ ကြိုးစားပါ။ ထိုင်တာနဲ့စာရင် မတ်တပ်ရပ်တာက တစ်နာရီကို ၂၀ ကယ်လိုရီ အပိုလောင်ကျွမ်းစေပါတယ်။ ဒါကြောင့် မတ်တပ်ရပ်ပြီး မကြာ ခဏ လှုပ်ရှားမှုလုပ်ဖို့ လမ်းလျှောက်ဖို့ ကြိုးစားပေးပါ။ ကော်ဖီသောက်ရင် ဆွေးနွေးမယ့်အစား လမ်းလျှောက်ပြီး ဆွေးနွေးပါ။ နေ့လယ်စာ စားချိန်တွေမှာ လမ်းလျှောက်ပါ။ နေ့တိုင်း လှေကားထစ် အနည်းငယ်တက်ပါ။
တင်းကျပ်တဲ့ Skinny ဂျင်းများ ဝတ်ခြင်းတွေက ကြည့်လို့ကောင်းစေပေမယ့် ကျန်းမာရေးအတွက်တော့ မကောင်းပါဘူး။ ဒီတင်းကျပ်တဲ့ ဂျင်းဘောင်းဘီတွေက ဆောင့်ကြောင့်ထိုင်တဲ့အခါမှာ အာရုံကြောတွေ အများကြီးရှိတဲ့ ဒူးခေါင်းအောင်နေရာကို ဖိအားတွေ သက်ရောက်စေပါတယ်။ ဒီဖိအားတွေကြောင့် ခြေထောက်အောက်ပိုင်းတွေ ထုံကျဉ်မှုဖြစ်စေပြီး ဆေးရုံတက်ရတဲ့အထိတောင် ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဆောင့်ကြောင့်ထိုင်ဖို့၊ ထိုင်ဖို့ အများကြီး လိုတယ်ဆိုရင် တင်းကျပ်လွန်းတဲ့ဘောင်းဘီတွေ မဝတ်ပါနဲ့လို့ ဆရာဝန်က အကြံပေးထားပါတယ်။
လက်သည်း ကိုက်လိုက်ခြင်းအားဖြင့် လက်က တစ်နေ့လုံး နေရာမျိုးစုံ ထိတွေ့ထားတာတွေကို ပါးစပ်ထဲမှာ အဆုံးသတ်လို်က်တဲ့ သဘောပါပဲ။ လက် ပုံမှန်ဆေးကြောတယ် ဆိုရင်တောင် အများစုက လက် သည်းအောက်ကို သေချာဆေးကြောမှု မရှိတဲ့အတွက် ဘက်တီးရီးယားပိုးတွေက လက်သည်းအောက်မှာ အများကြီး ခိုအောင်းနေနိုင်ပါတယ်။
နှာချေချင်တာကို မချေဘဲ ချုပ်ထားတဲ့အခါမှာ ခေါင်းက ပေါက်ကွဲထွက်မတတ် ခံစားရနိုင်ပါတယ်။ နှာချေတဲ့အခါမှာ နှာချေလိုက်တဲ့အရှိန်က တစ်နာရီကို မိုင် ၁၀၀ နှုန်းလောက် ရှိတဲ့အတွက် ဒါကိုမချေဘဲနဲ့ ရပ်တန့်ခံလိုက်ရတဲ့အခါမှာ ထိခိုက်မှုတွေ ဖြစ်စေနိုင်ပါတယ်။
နှာနုရိုးကျိုးခြင်း၊ နှာခေါင်း သွေးယိုခြင်းတွေအပြင် မျက်ကြည်လွှာ ကွာထွက်သွားတာမျိုးတောင်မှ ဖြစ်ဖူးပါတယ်။ ဒီတော့ နှာချေတာကို ချုပ်တည်းထားရမယ့် အခြေအနေမျိုး ရင်ဆိုင်ရရင် အသံတိုးသွားစေဖို့ အဝတ်နဲ့ဖြစ်ဖြစ် အုပ်ပြီး ချေလိုက်ပါ။
မျက်ကပ်မှန် မကြာခဏ တပ်ဆင်ခြင်းကလည်း မကောင်းပါဘူး။ မျက်လုံးပေါ်မှာ မှန်ဘီ လူး တပ်ဆင်ထားခြင်းကြောင့် မျက်လုံးတစ်သျှူးတွေကို အောက်ဆီဂျင်ရဖို့ ပိတ်ဆို့ထားပါတယ်။ ဒါက ကောင်းတဲ့အချက် မဟုတ်ပါဘူး။ မျက်ကပ်မှန် မကြာခဏတပ်ခြင်းကြောင့် မျက်ကြည်လွှာ နာကျင်ခြင်း၊ ခြောက်သွေ့ခြင်းတွေအပြင် ထိခိုက်မှုတွေပါ ဖြစ်စေနိုင်ပါတယ်။ မျက်ကပ်မှန်ကို နညး်နည်းပဲတပ်ပြီး မျက်မှန်ပို တပ်ခြင်းအားဖြင့် မျက်လုံးကို အနားပေးလိုက်ပါ။
(Crd: Novel Star, Dr Myanmar)
#PAN