(နိုင်ငံတကာ) ဇန်နဝါရီ ၆
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန် တောင်ကိုရီးယားသို့ ရောက်ရှိနေချိန်တွင် မြောက်ကိုရီးယားက ဒုံးကျည်စမ်းသတ်ပစ်လွှတ်ခဲ့ကြောင်းသိရသည်။
အဆိုပါဒုံးကျည်သည် တာလတ်ပစ် ပဲ့ထိန်းဒုံးကျည်အမျိုးအစားဖြစ်ပြီး ပင်လယ်ထဲသို့ မကျရောက်မီ ကီလိုမီတာ ၁၁၀၀ ဝန်းကျင်အထိ ပျံသန်းခဲ့ကြောင်းသိရသည်။
မတည်မငြိမ်ဖြစ်နေသည့် တောင်ကိုရီးယားနိုင်ငံရေးအခြေအနေကြောင့် အန်တိုနီဘလင်ကန်သည် တောင်ကိုရီးယား ယာယီသမ္မတနှင့် စစ်ဘက် အရပ်ဘက် ထိပ်ပိုင်းခေါင်းဆောင်များနှင့် တွေ့ဆုံရန် လာရောက်စဉ် ယခုလို ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
တောင်ကိုရီးယားစစ်တပ်က မြောက်ကိုရီးယား၏ အဆိုပါဒုံးကျည်ပစ်လွှတ်မှုအား ရန်စသည့်လုပ်ရပ်အဖြစ် စွပ်စွဲပြောဆိုခဲ့ပြီး ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ပြောကြားခဲ့သည်။
မြောက်ကိုရီးယားသည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ အမေရိကန် ရွေးကောက်ပွဲမတိုင်မီ တစ်ရက်အလိုကလည်း တာတိုပစ် ဒုံးကျည် ခုနှစ်စင်းထက်မနည်း ပင်လယ်ပြင်အတွင်းသို့ ပစ်ခတ်ခဲ့သည်။
Telegram»…
https://t.me/positiveanglenews