(နိုင်ငံတကာ) ဇန်နဝါရီ ၆
အမေရိကန် ပြည်ထောင်စုမှ သံမဏိများကို ဂျပန်နိုင်ငံသို့ရောင်းချမည့် အစီအစဉ်အား အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က တားမြစ်မည့် အစီအစဉ်သည် မဟာမိတ်နှစ်နိုင်ငံကြား ဆက်ဆံရေးကို ထိခိုက်စေနိုင်ကြောင်း အမေရိကန်မီဒီယာကြီးတစ်ခုက ဖော်ပြထားသည်။
ဒေါ်လာ ၁၄ ဒသမ ၉ ဘီလီယံတန်ဖိုးရှိ အမေရိကန်သံမဏိများ ကို ဂျပန်နိုင်ငံမှ Nippon Steel ကုမ္ပဏီသို့ ရောင်းချမည့် အစီအစဉ်အား ဂျိုးဘိုင်ဒင်က ဟန့်တားရန် စီစဉ်နေခြင်း ဖြစ်ပြီး အဆိုပါသံမဏိများအား ဝယ်ယူရန် ဂျပန်ကုမ္ပဏီက ကမ်းလှမ်းထားခြင်း ဖြစ်ကြောင်း အရင်းအမြစ်တစ်ခု က ဇန်နဝါရီလ ၃ ရက်တွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။
သံမဏိရောင်းချမည့် အစီအစဉ်ကို အမေရိကန်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကော်မတီက လပေါင်းများစွာကြာ သုံးသပ်ခဲ့ပြီး ၎င်းတို့၏ဆုံးဖြတ်ချက်ကို ဂျိုးဘိုင်ဒင်ထံသို့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်း က တင်ပြခဲ့ခြင်း ဖြစ်သည်။
အမေရိကန်၏အဆိုပါ လုပ်ဆောင်ချက်သည် အမေရိကန်နှင့် မဟာမိတ်နိုင်ငံတစ်နိုင်ငံဖြစ်သည့် ဂျပန်တို့ ကြား ဆက်ဆံရေးကို ထိခိုက်စေနိုင်ကြောင်း Washington Post က ဖော်ပြထားသည်။
အဆိုပါ ကိစ္စရပ်နှင့် စပ်လျဉ်း၍ အိမ်ဖြူတော်က တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိပေ။ အမေရိကန်နိုင်ငံ က ထုတ်လုပ်သည့် သံမဏိ များအား ပြည်တွင်း၌သာ ပိုင်ဆိုင်၊ အသုံးပြုစေရန် ဆန္ဒရှိကြောင်း ဂျိုးဘိုင်ဒင်က ယခင်က ပြောကြားထားသည်။
အလားတူပင် အမေရိကန်အစိုးရအနေဖြင့် အမေရိကန်-ဂျပန်နှစ်နိုင်ငံဆက်ဆံရေးတိုးတက်စေရေး လုပ်ဆောင်ရန် ဂျပန်ဝန်ကြီးချုပ် ရှီဂဲရု အီရှီဘာ က ဘိုင်ဒင်ထံသို့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ အတွင်း ရေးသားထားသည့်စာတွင် တိုက်တွန်းထားကြောင်း ST သတင်းဌာနဖော်ပြချက်အရ သိရသည်။
Telegram»…
https://t.me/positiveanglenews