သီလဝါအိမ်ရာရှိ လက်ကျန်အခန်းများကို သက်သာသော အိမ်ရာချေးငွေနဲ့ ရောင်းချပေးမည်


(ပြည်တွင်း) ဇန်နဝါရီ ၆

ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ တည်ဆောက်ခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ် သီလဝါအိမ်ရာမှာ ကျန်ရှိနေတဲ့ ခြောက်ခန်းတွဲ ငါးထပ် ၆၁ ခန်း၊ ရှစ်ခန်းတွဲ ငါးထပ် ၂၇ ခန်း စုစုပေါင်း ၈၈ ခန်းကို သက်သာသော ချေးငွေစနစ်နဲ့ ချိတ်ဆက်ကာ ဇန်နဝါရီလအတွင်း ရောင်းချပေးမှာ ဖြစ်တယ်လို့ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနကနေ သိရပါတယ်။

ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ် (CHID Bank ၌ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက် အထိ အိမ်ရာစုဆောင်းငွေ ငွေကျပ်သိန်း ၃၀ အထက်ပြည့်မီအောင် စုဆောင်းထားသူ ၁,၈၉၁ ဦး စာရင်းမှာ ပါဝင်သူများက မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၏ DUHD Sale Housing Facebook Page Messenger မှတစ်ဆင့် စာရင်းပေးသွင်း လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။

Messenger မှတစ်ဆင့် အမည်စာရင်းလက်ခံခြင်းကို ဇန်နဝါရီလ ၂ဝ ရက်မှ ၂၄ ရက်အတွင်းနံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီ အထိ ဆောင်ရွက်ပေးမည်ဖြစ်ပါတယ်။

စာရင်းပေးသွင်းလျှောက်ထားသူများအနက် ရောင်းချပေးနိုင်တဲ့ အခန်းအရေအတွက်အရ CHID Bank ၏ တန်းစီဇယားအစောဆုံးအမှတ်စဉ် ၈၀ ဦးကို မဲနှိုက်ခွင့်ပြုမည်ဖြစ်ပြီး အခန်းမဲနှိုက်ပေးခြင်းကို ဇန်နဝါရီလ ၂၈ ရက်တွင် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN