ရန်ကုန်မှာ အုပ်စု ၃ စုခွဲကာ ၄ နာရီလာ ၈ နာရီ အလှည့်ကျ မီးပျက်မည်

(ပြည်တွင်း) ဇန်နဝါရီ ၆

ရန်ကုန်မှာ လျှပ်စစ်ဓာတ်အားပေးမှုကို ဒီဇင်ဘာလ ၅ ရက်မှ စတင်ပြီး အုပ်စု ၃ စုခွဲ၍ ၄ နာရီလာ ၈ နာရီ အလှည့်ကျ မီးပျက်မည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) ထံမှ သိရပါတယ်။

အဆိုပါ အုပ်စု ၃ စု အရ အုပ်စု (A) ၊ (B)နှင့် (C) တို့ ဖြစ်ပြီး လျှပ်စစ်ဓာတ်အားပေးမှုကိုတော့ အုပ်စု (A) ကို နံနက် ၅ နာရီမှ ၉ နာရီအထိ လည်းကောင်း၊ အုပ်စု (B)ကို နံနက် ၉ နာရီမှ နေ့လယ် ၁ နာရီ အထိ လည်းကောင်း၊ အုပ်စု (C) ကို နေ့လယ် ၁ နာရီမှ ၅ နာရီ အထိ လည်းကောင်း အသီးသီးအလှည့်ကျစနစ်နဲ့ သတ်မှတ်ဖြန့်ခွဲပေး သွားမှာဖြစ်တယ်လို့ သိရပါတယ်။

အဓိကကတော့ ဓာတ်ငွေ့ပိုက်လိုင်းတွေ ပြန်လည်ပြုပြင်နေခြင်းနဲ့ နွေရာသီသို့ ရောက်ရှိလာတာဖြစ်တဲ့ အတွက် ရေအားလျှပ်စစ်များ ထုတ်လုပ်မှု လျော့ကျလာတာကြောင့် ၀န်အားမနိုင်ဖြစ်ခဲ့ပြီး အခုလိုလျှော့ချ ခဲ့တာဖြစ်ပါတယ်။

ပြုပြင်ပြင်ဆင်မှုများ ပြီးစီးသွားလို့ ၀န်‌အားမျှလာပါက အချိန်တိုးကာ ပြန်လည်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ 

PAN