(စီးပွားရေး) ဇန်နဝါရီ ၆
ရန်ကုန်မြို့ရှိ ကြည့်မြင်တိုင် စံပြငါးဈေးသို့ ပြည်တွင်းစားသုံးမှုနှင့် ပြည်ပပို့ကုန်အဖြစ် ပင်လယ်ထွက်ကုန် အမျိုးအစား ၈၀ ခန့် ပုံမှန်ဝင်ရောက်လျက်ရှိပြီး ပြည်ပနိုင်ငံများဖြစ်တဲ့ ဆော်ဒီအာရေဗျ၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်နှင့် ထိုင်းနိုင်ငံ တို့ထံ အအေးခန်းစက်ရုံများမှတစ်ဆင့် ရေလမ်းကြောင်းဖြင့် ပုံမှန်တင်ပို့လျက်ရှိကြောင်း သိရပါတယ်။
ပြည်ပနိုင်ငံများသို့ တင်ပို့ရာတွင် ပင်လယ်မှရရှိတဲ့ ငါး၊ ပုစွန်များကို ရန်ကုန်ဆိပ်ခံတံတားမှ အအေးခန်း စက်ရုံများကိုတင်ပို့ပြီး ထိုမှတစ်ဆင့် ကွန်တိန်နာနဲ့ ရေလမ်းကြောင်းကနေ ပြည်ပသို့တင်ပို့ခြင်းဖြစ်ပါတယ်။
ရန်ကုန်မြို့တွင် ပင်လယ်ငါးဖမ်းစက်လှေများ ဆိုက်ကပ်ရာ ဆိပ်ခံတံတား ၁၀ ခုကျော်ရှိပြီး လက်ရှိရက်ပိုင်း အတွင်းမှာ မြန်မာ့ပင်လယ်ပြင်မှ ပြည်ပသို့တင်ပို့တဲ့ ငါးနှပ်၊ ငါးတံခွန်၊ ငါးပုတ်သင်နှင့် ပုစွန်များ အဆက်မပြတ် ဝင်ရောက် လျက်ရှိတဲ့အတွက် နှစ်သစ်ကူးကာလတွင် ပင်လယ်ရေထွက်ကုန်များ အရောင်းအဝယ်ကောင်းလျက် ရှိပါတယ်။
ယခုလ အတွင်းမှာ ပြည်ပမှဝယ်လိုအားကောင်းသည့် ငါးသလောက်နှင့် ကင်းမွန်များလည်း ရန်ကုန်ဈေးကွက်သို့ ဝင်ရောက်လာ နိုင်တယ်လို့ ငါးလုပ်ငန်းရှင်များအသင်းမှ ခန့်မှန်းထားကြောင်း သိရပါတယ်။
သတင်အပြည့်အစုံဖတ်ရန် –
#PAN