(နိုင်ငံတကာ) ဇန်နဝါရီ ၆
အမေရိကန်နိုင်ငံအတွင်းရှိ ဒေသအချို့တွင် နှင်းမုန်တိုင်းများ ကျရောက်ပြီးနောက် အရေးပေါ်အခြေ ကြေညာထားရကြောင်းသိရသည်။
နယူးဂျာစီပြည်နယ်က အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီး “နှင်းများထူထပ်စွာကျဆင်းခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်း လေပြင်းတိုက်ခတ်ခြင်းနှင့် အေးခဲနေသည်အထိအပူချိန်ကျဆင်းခြင်း” များကို ကိုးကား၍ ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်းသည်။
ထို့အပြင် အနောက်ဗာဂျီးနီးယားပြည်နယ်အပါအဝင် ပြည်နယ် ၅ ခုထက်မနည်း အရေးပေါ်အခြေအနေ ကြေညာထားရကြောင်းသိရသည်။
ဆီးနှင်းများထူထပ်စွာ ကျဆင်းမှုကြောင့် အမေရိကန်နိုင်ငံအတွင်း ဒေသအချို့မှ ကျောင်းများ အတန်းချိန်များ ဖျက်သိမ်းကာ ကျောင်းပိတ်ထားတော့မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
အမေရိကန်ရှိ လေကြောင်းခရီးစဉ်များကို ခြေရာခံသည့် ဝက်ဘ်ဆိုက်တစ်ခု၏ အဆိုအရ လေကြောင်းခရီးစဉ်ပေါင်း ၅၀၀၀ ကျော် နှောင့်နှေးခဲ့ပြီး လေယာဉ်ခရီးစဉ်ပေါင်း ၁၅၀၀ နီးပါးကိုလည်း ဖျက်သိမ်းခဲ့ရကြောင်းသိရသည်။
မိုးလေဝါသဌာနက မလိုအပ်ပဲ ခရီးသွားခြင်း ယာဉ်မောင်းနှင်ခြင်းများ မပြုလုပ်ရန်တားမြစ်ထားပြီး ကန်တက်ကီပြည်နယ်တွင် နှင်းထုအကြား ရဲကားတစ်စီး ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး သိသိသာသာပျက်စီးခဲ့ကြောင်း လူမှုကွန်ယက်များတွင် ဖော်ပြထားသည်။
ဒေသစံတော်ချိန် ညနှောင်းပိုင်းတွင် နှင်းမုန်တိုင်းသည် အရှေ့ဘက် ကမ်းရိုးတမ်းသို့ ရောက်ရှိပြီး ဝါရှင်တန်ဒီစီနှင့် ဖီလာဒဲလ်ဖီးယားကဲ့သို့ မြို့ကြီးများတွင် ဆီးနှင်းများ ပိုမိုကျဆင်းနိုင်ကြောင်း ကြေညာထားသည်။
Webpage>>…
https://positiveanglenews.com/2025/01/06/ဆိုက်ခေါင်စျေး၊-ပွဲရုံတ/
VK Link>>…
https://vk.com/wall-220066330_10172
Telegram»…
https://t.me/positiveanglenews