နိုင်ငံအတွင်း လုပ်ဆောင်မည့် အကြမ်းဖက်တိုက်ခိုက်မှုကြီးတစ်ရပ်ကို ရုရှားဖြိုခွင်းပြီး လူလေးဦးကိုဖမ်းဆီး


(နိုင်ငံတကာ) ဇန်နဝါရီ ၆

ရုရှားနိုင်ငံ ယူရယ်လ်ဒေသရှိ ယေကာတာရင်ဘာ့ဂ်မြို့၌ လုပ်ဆောင်ရန် စီစဉ်ထားသည့် အကြမ်းဖက် တိုက်ခိုက်မှုတစ်ရပ်ကို ဖြိုခွင်းနိုင်ခဲ့ပြီး လူလေးဦးကိုလည်း ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ရုရှားပြည်ထောင်စု လုံခြုံရေးအဖွဲ့က ထုတ်ပြန်သည်။

လုံခြုံရေးအဖွဲ့သည် လက်လုပ်ဗုံးပြုလုပ်ရာတွင် အသုံးပြုသည့်အစိတ်အပိုင်းများ ကို ရှာဖွေဖော်ထုတ်နိုင်ခဲ့သည်။ ဖမ်းဆီးထိန်းသိမ်းခံထားရသူများမှာ ရုရှားနိုင်ငံသား ဆယ်ကျော်သက်အရွယ်များ ဖြစ်ကြောင်း လုံခြုံရေးအဖွဲ့က ဇန်နဝါရီလ ၄ ရက်တွင် ပြောသည်။

သို့သော် ၎င်းတို့မှာ မည်သူမည်ဝါဖြစ်ကြောင်းကို ရုရှား လုံခြုံရေးအဖွဲ့က ထုတ်ဖော်ပြောကြားထားခြင်း မရှိကြောင်း သိရသည်။ အဆိုပါ ဆယ်ကျော်သက်များသည် ရုရှားအစိုးရက တားမြစ်ထား
သည့် အကြမ်းဖက်အဖွဲ့အစည်း၏ အယူအဆများကို မျှဝေခဲ့ကြပြီး လက်လုပ်ဗုံးဖြင့် အကြမ်းဖက် တိုက်ခိုက်ရန်စီစဉ်ခဲ့ကြောင်း သိရသည်။

ဖမ်းဆီး ခံထားရသူ ဆယ်ကျော်သက်လူငယ်များအနက် တစ်ဦးမှာ ယခင်ပြည်ထဲရေး ဝန်ကြီးဌာနပိုင် မောင်တော်ယာဉ် တစ်စီးအား မီးရှို့တိုက်ခိုက်မှုတွင် ပါဝင်ခဲ့ဖူးကြောင်း Interfax သတင်းအေဂျင်စီ က ဖော်ပြခဲ့သည်ဟု ST သတင်း ဌာနတွင် ဖော်ပြထားသည်။

Telegram»…
https://t.me/positiveanglenews

PAN