(နိုင်ငံတကာ) ဇန်နဝါရီ ၆
အပစ်အခတ်ရပ်စဲရေး စာချုပ်အရ လဲလှယ်မည့် ဖြစ်နိုင်ချေရှိသော ဓားစားခံ ၃၄ ဦး စာရင်းကို ဟားမတ်စ်က အတည်ပြုခဲ့ကြောင်းသိရသည်။
ဂါဇာကမ်းမြောင်ဒေသမှ အစ္စရေးပြန်လည်ထွက်ခွာရေးနှင့် အမြဲတမ်း အပစ်အခတ်ရပ်စဲရေးဆိုင်ရာ သဘောတူညီချက်တစ်ရပ် ရရှိရေးအတွက် ဓားစားခံများ လွတ်မြောက်ရေးသဘောတူညီချက်ကို အကောင်အထည်ဖော်မည့်အရေးအား ဟားမတ်စ်ခေါင်းဆောင်အချို့၏ ပြောကြားချက်ကို ကိုးကား၍ မီဒီယာများက ဖော်ပြထားသည်။
အဆိုပါ သတင်းများနှင့်ပတ်သက်၍ အစ္စရေးအစိုးရက ငြင်းဆိုထားသော်လည်း ဓားစားခံနှင့် ပါလက်စတိုင်းအကျဉ်းသားများ လဲလှယ်ရေးကိစ္စရပ်များ ညှိနှိုင်းနေကြောင်း မီဒီယာများက ဖော်ပြနေသည်။
သတင်းဌာနများက ဖော်ပြသည့်စာရင်းတွင် ပါဝင်သည့် ဓားစားခံ ၃၄ ဦးသည်၏ အချက်အလက်နှင့် အသက်ရှင်နေခြင်းရှိ မရှိကို အတည်မပြုနိုင်သေးကြောင်းသိရသည်။
ဟားမတ်စ်အဖွဲ့သည် ပြီးခဲ့သည့် ဒီဇင်ဘာလ ၅ ရက်နေ့အထိ ဓားစားခံ ၁၀၀ ဦးအထိ ထိန်းသိမ်းထားဆဲဖြစ်ပြီး ဖမ်းဆီးခံခဲ့ရသည့် ဓားစားခံများအနက် ၃၆ ဦးမှာ သေဆုံးခဲ့ကြောင်းသိရသည်။
Telegram»…
https://t.me/positiveanglenews