(ပြည်တွင်း) ဇန်နဝါရီ ၆
ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် ဆိုက်ခေါင်စံပြကျေးရွာမှာ ပအို့ဝ်လက်နက်ကိုင်သောင်းကျန်းသူတွေဖြစ်တဲ့ PNLO/PNLA အဖွဲ့တွေက အတင်းအဓမ္မ ဆက်ကြေးကောက်ခံနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပအိုဝ်းအမျိုးသားတပ်မတော် PNA ထိန်းချုပ်ရာနယ်မြေဖြစ်တဲ့ ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင်စံပြကျေးရွာက ဆိုက်ခေါင်စျေး၊ ပွဲရုံတွေနဲ့ ဖုန်းဆိုင်တွေကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့နဲ့ ၃၀ ရက်နေ့တွေမှာ ပအိုဝ့်သောင်းကျန်းသူ PNLO/PNLA က အတင်းအဓမ္မ ဆက်ကြေးကောက်ခံခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
PNLO/PNLA ရဲ့အခွန်အမည်ခံ ဆက်ကြေးတောင်းခံတဲ့စာမှာတော့ ဆိုက်ခေါင်ဈေးကော်မတီဝင်တွေအနေနဲ့ ဆိုက်ခေါင်ဈေးကို တစ်နှစ်စာ အခွန်ဆောင်ဖို့ သတ်မှတ်ထားတဲ့ အခွန်ပမာဏအတိုင်း အမြန်ဆုံးပေးဆောင်ကြဖို့ ရေးသားထားပါတယ်။
PNLA က ဆိုက်ခေါင်ဈေးကို အခွန် တစ်နှစ်စာအဖြစ် သိန်းတစ်ထောင်သတ်မှတ်ထားပြီး ဖုန်းအရောင်းဆိုင်တစ်ဆိုင်ကိုတော့ တစ်နှစ်စာ အခွန်အဖြစ် သိန်း ၅၀၊ ပွဲရုံတစ်ရုံရဲ့ တစ်နှစ်စာ အခွန်ကိုတော့ ကျပ်သိန်း ၁၀၀ ဆိုပြီးသတ်မှတ်ထားပြီး မဖြစ်မနေ မပျက်မကွက်ပေးဆောင်ဖို့လည်း ပြောဆိုထားပါတယ်။
သောင်းကျန်းသူအဖွဲ့တွေဖြစ်တဲ့ PNLO/PNLA ဟာ ပြည်သူလူထုအပေါ် အဓမ္မ အခွန်အမည်ခံ ဆက်ကြေးကောက်ခံနေတာကြောင့် ဒေသခံတွေက မနှစ်သက်တော့တဲ့အတွက် ပအို့ဝ်အမျိုးသား တပ်မတော် PNA ကိုတင်ပြပြီး အကူအညီတောင်းခံထားကြတယ်လို့လည်း တယ်လို့ သိရပါတယ်။
PNA ကတော့ ပြည်သူတွေအနေနဲ့ အကြမ်းဖက်အားပေး အလုပ်တွေမလုပ်ဖို့ အသိပေး ပြောဆိုထားပြီး ပြည်သူတွေကို ဒုက္ခပေးနေတဲ့ အကြမ်းဖက်အဖွဲ့တွေကို နှိမ်နင်းသွားမယ်လို့လည်း PAN ကို ပြောဆိုထားပါတယ်။
Telegram»…
https://t.me/positiveanglenews