စပါးအသင်း ပင်နယ်တီမရရှိခဲ့ခြင်းနှင့်ပတ်သက်ပြီး ပရီးမီးယားလိဂ်အဖွဲ့ချုပ် ဖြေရှင်းချက်ထုတ်ပြန်


(အားကစား) ဇန်နဝါရီ ၆

ပရီးမီးယားလိဂ်အဖွဲ့ချုပ်က စပါးအသင်းနှင့် နယူးကာဆယ်အသင်းတို့ ကစားခဲ့တဲ့ပွဲစဉ်မှာ စပါးအသင်း ပင်နယ်တီ မရရှိခဲ့ခြင်း နှင့်ပတ်သက်ပြီး ဖြေရှင်းချက် ထုတ်ပြန်ခဲ့ပါတယ်။

နယူးကာဆယ်အသင်းက စပါးအသင်းကို နှစ်ဂိုး၊ တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ နယူးကာဆယ်အသင်းမှ ကွင်းလယ်ကစားသမား ဂျိုလင်တန် အနေနဲ့ ပင်နယ်တီ ဧရိယာအတွင်း လက်ထိခဲ့သော်လည်း ကွင်းလယ်ဒိုင်လူကြီး အန်ဒရူးစ်မက်လေ က ပြစ်ဒဏ်ဘောသတ်မှတ်ပေးခဲ့ခြင်း မရှိခဲ့သကဲ့သို့ VAR အဆုံးအဖြတ်ခံယူရာမှာလည်း ပင်နယ်တီ မသတ်မှတ်ပေးခဲ့ခြင်းဖြစ်ပါတယ်။

အဆိုပါဖြစ်ရပ်မှာ ဂျိုလင်တန် ၏ လက်ကိုထိခဲ့ပြီးနောက် ဘောလုံးလမ်းကြောင်းပြောင်းခဲ့ကာ ဘောလုံးမှာ နယူးကာဆယ်အသင်း ကွင်းလယ်ကစားသမား ဂွီမာရေးထံ ရောက်ရှိခဲ့ပြီးနောက် ဂွီမာရေး၏ ဖန်တီးပေးမှုမှတစ်ဆင့် နယူးကာဆယ်အသင်းက ချေပဂိုးပြန်လည်ရရှိခဲ့တာ ဖြစ်ပါတယ်။

စပါးအသင်း တိုက်စစ်ဆင်ချိန်မှာ ဂျိုလင်တန် အနေနဲ့ လက်ထိဘောဖြစ်နိုင်ချေရှိကြောင်း ယူဆခဲ့တဲ့အတွက် ပြန်လည် စစ်ဆေးခဲ့ရာ ဂျိုလင်တန် အနေဖြင့် ၎င်း၏ဘေးတွင် ပုံမှန်အတိုင်းရှိနေခဲ့ပြီး မတော်တဆဖြစ်ရပ်ဟု သုံးသပ်ခဲ့ တဲ့အတွက် စပါးအသင်းကိုပင်နယ်တီ သတ်မှတ်ပေးခြင်း မရှိခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါ ပွဲစဉ်မှာ စပါးအသင်း အနေဖြင့် နယူးကာဆယ်အသင်းကို ရှုံးနိမ့်ခဲ့တဲ့အတွက် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ လေးပွဲဆက် နိုင်ပွဲ ပျောက်ဆုံးခဲ့ပြီးဖိအားများအောက် ကျရောက်လျက် ရှိနေတာ ဖြစ်ပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN