(၇၇)ကြိမ်မြောက်လွတ်လပ်ရေးနေ့အား အင်းတကော်မြို့တွင်စည်ကားသိုက်မြိုက်စွာကျင်းပခဲံ


(ပြည်တွင်း) ဇန်နဝါရီ ၅

(၇၇)ကြိမ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားအား ပဲခူးတိုင်းဒေသကြီး ၊ ပဲခူးခရိုင် ၊အင်းတကော်မြို့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

အဆိုပါ အထိမ်းအမှတ်အခမ်းအနားအား အင်းတကော်မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းဦးနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ၊ မြို့မိ/မြို့ဖများ၊ ရပ်မိ/ရပ်ဖများ ဦးဆောင်၍ ကျင်းပခဲ့ခြင်းဖြစ်ပြီးလွတ်လပ်ရေးနေ့ နံနက်ပိုင်းတွင် တာဝေးအပြေးပြိုင်ပွဲအားပြိုင်ပွဲဝင်ကစားသမား (၁၀၃)ဦးဖြင့် နံနက်(၆) နာရီအချိန်ခန့်က အင်းတကော်မြို့ ဘဏ္ဏာကုန်းမှစတင်၍ တာလွှတ်ခဲ့ပြီး အင်းတကော်မြို့၊အမှတ်(၅)ရပ်ကွက်၊ သာယာကုန်းဘုရားရှေ့တွင် နံနက်(၇း၄၅)အချိန်တွင် ပန်းဝင်စေခဲ့ပါသည်။

ထူးခြားမှုအနေဖြင့် ဆုရရှိသူများအနက်မှ အသက်(၉)နှစ်အရွယ်ရှိ မောင်ကောင်းခန့်ငြိမ်းသည် (၈) မိုင်အားလုံးဝအနားမယူပဲပန်းဝင်နိုင်ခဲ့ကြောင်း သိရပါတယ်။

လွတ်လပ်ရေးနေ့အခမ်းအနားအား အင်းတကော်မြို့တွင် နှစ်စည်စည်ကားသိုက်မြိုက်စွာကျင်းပလျှက်ရှိပြီး မြို့မိ/ မြို့ဖများ ၊ ဒေသခံအုပ်ချုပ်ရေးအဖွဲ့များမှ အထိမ်းအမှတ်အနေဖြင့် အဟာရဒါန စတုဒိသာအလှူများလှူဒါန်းခြင်း ၊ အားကစားနည်းပေါင်းစုံအားကျင်းပခြင်း တို့အား စည်းလုံးညီညွတ်စွာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN