မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီးအား ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် လက်ခံတွေ့ဆုံ


(ပြည်တွင်း) ဇန်နဝါရီလ ၅

ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် က မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး Ms.Ma Jia အား ဇန်နဝါရီလ ၃ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ကြောင်းသိရပါတယ်။

တွေ့ဆုံစဉ်မှာ တရုတ်-မြန်မာနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ၊ တရုတ်နိုင်ငံချေးငွေများနှင့် ဆောင်ရွက်နေသည့် ဖွံ့ဖြိုးမှုစီမံကိန်းဆိုင်ရာအခြေအနေများ၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုအတွက် တရုတ်နိုင်ငံမှ သင်တန်းများ ပံ့ပိုးဆောင်ရွက်ပေးနေမှုအခြေအနေနှင့် နှစ်နိုင်ငံအကြား ခိုင်မြဲစွာတည်ရှိနေသည့် ဆွေမျိုး-ပေါက်ဖော်ချစ်ကြည်ရင်းနှီးမှုကို အခြေခံ၍ နှစ်နိုင်ငံအကျိုးဖြစ်ထွန်းစေမည့် ကိစ္စရပ်များအား ဆက်လက်ပူးပေါင်း ဆောင်ရွက်နိုင်မည့် အခြေအနေများကို ရင်းနှီးပွင့်လင်း စွာဆွေးနွေးခဲ့ပါတယ်။

တွေ့ဆုံပွဲသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းထွဋ်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ကြကြောင်း သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN