ပုသိမ်ကြီးမြို့နယ်၊ ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်တစ်ဦးအား အကြမ်းဖက်သမား ၂ ဦးက သတ်ဖြတ်


(ပြည်တွင်း) ဇန်နဝါရီ ၅

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြိုနယ်၊‌ ရန်ကင်းသာယာရပ်ကွက်၊ မြင်စိုင်းလမ်းတွင် ယနေ့မွန်းလွဲ ၁ နာရီအချိန်ခန့်က အမျိုးသား ၁ ဦး သေနတ်ပစ်ခံရ၍ သေဆုံးနေကြောင်း အနီးဝန်းကျင်ရှိ ပြည်သူများ၏ ပြောကြားချက်အရ သိရသည်။

ဖြစ်စဥ်မှာ ဦးစိန်သန်း၊ ၅၉ နှစ်၊ ပြည်သူ့စစ်(ဌာနေ)၊ အထူးအမာခံအဖွဲ့၊ စစ်မှုထမ်းဟောင်းအိမ်ယာ၊ ပုသိမ်ကြီးမြိုနယ်နေသူသည် မြင်စိုင်းလမ်းပေါ်တွင် Kenbo အမျိုးအစား၊ အနက်ရောင်ဆိုင်ကယ် MDY-56W/55220 ဖြင့် တစ်ဦးတည်း ဆိုင်ကယ်မောင်းနှင်လာစဉ် အမည်မသိ၊ အသက် ၃၀ ၀န်းကျင်ခန့်ရှိ လူငယ် ၂ ဦး ဆိုင်ကယ်ဖြင့် နောက်မှကပ်ပါလာပြီး သေနတ်ဖြင့် ၁ ချက် ပစ်ခတ်ကာ ဝက်အူလှည့်ဖြင့် ထိုးသွင်းခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက်သမား နှစ်ဦး၏ လုပ်ကြံမှုကြောင့် ဦးစိန်သန်းတွင် ၀မ်းဗိုက်ထိုးသွင်းဒဏ်ရာ ၃ ချက်၊ ယာဘက်ရင်အုံ ၁ ချက်၊ လည်ပင်း ထိုးသွင်းဒဏ်ရာ ၁ ချက်၊ ဝဲ-ပါး ဖောက်၀င်ဒဏ်ရာ ၁ ချက်၊ နောက်စေ့ ပြတ်ရှဒဏ်ရာ ၂ ချက်ရရှိခဲ့ပြီး အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN