(ပြည်တွင်း) ဇန်နဝါရီလ ၅
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်တွင်ဖြစ်ပွားခဲ့သည့် ရာဂီမုန်တိုင်း သဘာဝဘေးအန္တရာယ်ကြောင့် ကလောမြို့နယ်ရှိ နေအိမ်ထိခိုက်ပျက်စီးဆုံးရှုံးသွားခဲ့တဲ့ ရေဘေးသင့်ပြည်သူ ၁,၂၄၉ ဦးအနက် ၃၄၂ ဦးကို အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ တတိယအကြိမ် ချီးမြှင့်ငွေပေးအပ်ခြင်း အခမ်းအနားကို ရှမ်းပြည်နယ်(တောင်ပိုင်း)ကလောမြို့ မြို့မပရိယတ္တိစာသင်တိုက်၌ ဇန်နဝါရီလ ၃ ရက် နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရပါတယ်။
အခမ်းအနားတွင် ကလောမြို့နယ်အတွင်းရှိ နေအိမ်ထိခိုက်ပျက်စီးဆုံးရှုံးသွားသည့် ရေဘေးသင့်ပြည်သူ ၁,၂၄၉ ဦးရှိသည့်အနက် တတိယအကြိမ်အဖြစ် ၃၄၂ ဦးကို တစ်ဦးလျှင် ငွေကျပ် ၁,၇၅၀,၀၀ဝ နှုန်းဖြင့် ရေဘေးသင့် ပြည်သူများအား တစ်ဦးချင်းလက်ဝယ်အရောက် တာဝန်ရှိသူများကချီးမြှင့်ငွေပေးအပ်ခဲ့ပါတယ်။
ကလောမြို့နယ်အတွင်း နေအိမ်ထိခိုက်ပျက်စီးဆုံးရှုံးသွားခဲ့တဲ့ ရေဘေးသင့်ပြည်သူ ၁၂၄၉ ဦးတို့အား ထောက်ပံ့ချီးမြှင့်ငွေများကို ပထမအကြိမ်တွင် ၃၄၂ ဦး၊ ဒုတိယအကြိမ်တွင် ၃၄၃ ဦးနှင့် တတိယအကြိမ်တွင် ၃၄၂ ဦး စုစုပေါင်း ၁,၀၂၇ ဦးတို့ကို ပေးအပ်ခဲ့ပြီး ကျန်ရှိသော ရေဘေးသင့်ပြည်သူများကို ချီးမြှင့်ငွေများ ဆက်လက် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။
Telegram»…
https://t.me/positiveanglenews