ရော်နယ်ဒို ရဲ့မှတ်ချက်ပြုမှုကို ပြန်လည်တုံ့ပြန်ခဲ့တဲ့ ရိုဒရီ


(အားကစား) ဇန်နဝါရီလ ၄

Globe Soccer Awards ဆုပေးပွဲအခမ်းအနားမှာ ရွှေဘောလုံးဆုနဲ့ပတ်သက်ပြီး ရော်နယ်ဒို ရဲ့ မှတ်ချက်ပေး ပြောဆိုမှုအပေါ် မန်စီးတီးအသင်းရဲ့ကွင်းလယ်လူ ရိုဒရီ က တုံ့ပြန်သွားခဲ့ပါတယ်။

၂၀၂၄ ခုနှစ်ရဲ့ရွှေဘောလုံးဆုကို ရိုဒရီ က ရယူနိုင်ခဲ့ပေမယ့် ရီးရဲလ်ကစားသမား ဗီနီစီးယက်စ် ကသာ ရွှေဘောလုံးဆုနဲ့ အထိုက်တန်ဆုံးကစားသမား ဖြစ်တယ်လို့ ရော်နယ်ဒို က ပြောကြားခဲ့ပါတယ်။

ရော်နယ်ဒိုဟာ ရွှေဘောလုံးဆုကို (၅)ကြိမ်အထိ ရယူနိုင်ခဲ့တဲ့ ကစားသမားဖြစ်လို့ အခုလို မှတ်ချက်ပေး ခဲ့တဲ့အပေါ် ရိုဒရီ က နားမလည်နိုင် ဖြစ်နေခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒို လို ကစားသမားမျိုးက ဒီဆုကို ဘယ်လိုအချက်အလက်တွေနဲ့ ဆုံးဖြတ်ပြီးပေးတယ်ဆိုတာကို အသိဆုံးကစားသမားတစ်ယောက် ဖြစ်လို့ သူ့ရဲ့ မှတ်ချက်ကို ကြားလိုက်ရတဲ့အခါ အံ့အားသင့်ခဲ့မိတယ်လို့ ရိုဒရီ က ပြောခဲ့ပါတယ်။

အခုနှစ်မှာ မဲပေးခဲ့ကြတဲ့ ဂျာနယ်လစ်တွေဟာ ရော်နယ်ဒို ရွှေဘောလုံးဆုရတုန်းက မဲပေးခဲ့ကြတဲ့ ဂျာနယ်လစ် တွေနဲ့ အတူတူနီးပါးဖြစ်သလို သူတို့အားလုံးရဲ့ဆန္ဒအရ ရွှေဘောလုံးဆုရှင်ကို မဲပေးရွေးချယ်ခဲ့ကြတာဖြစ်တယ် လို့လည်း ရိုဒရီ က ဆက်လက် ပြောကြားသွားခဲ့ပါသေးတယ်။

ရိုဒရီ ဟာ ပြီးခဲ့တဲ့ဘောလုံးရာသီက မန်စီးတီးအသင်းနဲ့ ပရီးမီးယားလိဂ်ဖလားရယူနိုင်ခဲ့သလို စပိန်အသင်း နဲ့လည်း ယူရို(၂၀၂၄)ဖလားကို ဆွတ်ခူးနိုင်ခဲ့တဲ့ ကစားသမားတစ်ယောက် ဖြစ်ပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN