(ပြည်တွင်း)ဇန်နဝါရီ ၄
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ အနောက်ဘက်ခြမ်းရှိ ကုလကျေးရွာ (အ.ထ.က) စာသင် ကျောင်းဝင်းအတွင်း အကြမ်းဖက် PDF များ အင်အား စုဖွဲ့နေထိုင်ပြီး အပစ်မဲ့ပြည်သူများအား ဆက်ကြေးကောက်၊ ဓါးမြတိုက်၊ လူသတ်ခြင်းလုပ်ငန်းများ လုပ်ကိုင်နေကြောင်း သတင်းအရ တပ်မတော် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်အဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းစစ်ကြောင်းမှ ဇန်နဝါရီ ၂ ရက်က သွားရောက်ရှင်းလင်းခဲ့သည့် သတင်းကို ဖော်ပြပြီးဖြစ်ပါသည်။
အကြမ်းဖက်သမား PDF များသည် NUG၊ CRPH တို့၏ ဆက်သွယ်ညွှန်ကြားမှုဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်း အဖျက်အမှောင့် လုပ်ငန်းများ လုပ်ဆောင်ရန် ငါန်းဇွန် မြို့၊ အနောက်ဘက် မီတာ ၈၅၀၀ ခန့်အကွာ ကုလားကျေးရွာအတွင်း၌ ခိုအောင်း နေထိုင်ပြီး အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိကြောင်းနှင့် လက်နက်၊ ခဲယမ်းများ သိုဝှက်သိမ်းဆည်းထားကြောင်း ဒေသခံပြည်သူအချို့၏ လျှို့ဝှက်ဆက်သွယ်သတင်းပေးပို့မှုအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဇန်နဝါရီ ၂ ရက် ည ၁၁ နာရီခန့်တွင် အဆိုပါ ကျေးရွာအတွင်းသို့ ရုတ်ချည်း ထိုးဖောက် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရပါသည်။
ထိုသို့ ဆောင်ရွက်ခဲ့ရာ ကျေးရွာအတွင်း ခိုအောင်းနေထိုင်လျက်ရှိသည့် အကြမ်းဖက်သမား PDF များနှင့် ရင်ဆိုင်ထိတွေ့မှုများဖြစ်ပွားခဲ့ပြီး အကြမ်းဖက် သမား ၃ ဦးကို အသေပစ်ခတ်ဖမ်းဆီးရမိခဲ့ကာ ၎င်းတို့ခိုအောင်းနေထိုင်လျက်ရှိသည့် နေအိမ် နှင့်စာသင် ကျောင်းအတွင်းမှ ဖောက်ခွဲဖျက်ဆီးရေးဆက်စပ်ပစ္စည်းများ၊ ၎င်းတို့အသုံးပြု လျက်ရှိသည့် ကျန်းမာ ရေးနှင့် လူမှုကူညီရေးအသင်းစာတမ်းပါ NISSAN XTRAIL အမျိုးအစား မော်တော်ယာဉ်တစ်စီးနှင့် Hijet အမျိုးအစား မော်တော်ယာဉ်တစ်စီးတို့ကို သိမ်းဆည်း ရမိခဲ့သည်။
အကြမ်းဖက်သမားများအနေဖြင့် ယခင်ကလည်း အုပ်ချုပ်မှုခက်ခဲပြီး အလှမ်းကွာဝေးသည့် မြို့၊ ရွာ အချို့တို့သို့ ဝင်ရောက်၍ လက်နက်အားကိုးဖြင့် အနိုင်ကျင့်ကာ စာသင်ကျောင်းများအပါအဝင် ဌာနဆိုင်ရာအဆောက်အဦများ၊ ပြည်သူလူထုတို့၏ နေအိမ်များအတွင်းသို့ ဝင်ရောက်နေရာယူ၍ အတွင်း/အပြင်၌ ခြံစည်းရိုးပတ်လည်အား သဲအိတ်များ ကာရံခြင်း၊ မိုင်းများ ထောင်ထားခြင်း၊ သဲအိတ်ဘန်ကာများ တည် ဆောက်ခြင်း၊ အကြမ်းဖက် လေ့ကျင့်ရေးကွင်းများ ဖောက်လုပ်ခြင်းများပြုလုပ်ကာ အခိုင်အမာ စခန်းတည်ဆောက်၍ အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်ရန်ကြိုးပမ်း ခဲ့သည့်ဖြစ်စဉ်များလည်းရှိခဲ့ပြီး တာဝန်သိပြည်သူများ၏ သတင်းပေးပို့မှုများကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖော်ထုတ်တားဆီးနိုင်ခဲ့မှုများနှင့် အကြမ်းဖက်သမားများ အနေဖြင့် ပရဟိတလုပ်ငန်းခေါင်းစဉ်အကြောင်းပြ၍ အဆိုပါယာဉ်များအသုံးပြုကာ လက်နက်၊ ခဲယမ်းများ သယ် ဆောင်ခြင်း၊ ထိခိုက်ဒဏ်ရာရရှိသူများကို သယ်ယူပို့ ဆောင်ခြင်း ဆောင်ရွက်လျက်ရှိပါသည်။
အဆိုပါ အကြမ်းဖက်သမား PDF များ၏ အကြမ်း ဖက်လုပ်ရပ်များနှင့် ပတ်သက်၍ သက်ဆိုင်ရာ ဒေသခံတိုင်းရင်းသား ပြည်သူများအနေဖြင့် လက်ခံမှုမရှိဘဲ ၎င်းတို့၏ လှုပ်ရှားမှုသတင်းများအား အချိန်မီ ပေးပို့ခဲ့မှုကြောင့်သာ အဖျက်အမှောင့် လုပ်ရပ်များ လုပ်ဆောင်မည့် အကြမ်းဖက်သမားများနှင့် လက်နက်၊ ခဲယမ်းများကို ယခုကဲ့သို့ အချိန်မီ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ဆက်လက်၍လည်း အကြမ်းဖက်အဖွဲ့များ၏ လှုပ်ရှားမှုသတင်းများရရှိပါက နီးစပ်ရာလုံခြုံရေး တပ်ဖွဲ့ဝင် များထံသို့ လျှို့ဝှက်စွာ သတင်းပေးပို့ခြင်းဖြင့် ရပ်ရွာတည်ငြိမ်အေးချမ်းအတွက် ပြည်သူ တစ်ရပ်လုံး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် သတင်းထုတ်ပြန်ထားပါသည်။
#PAN