(ပြည်တွင်း) ဇန်နဝါရီ ၄
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ ပျော်ရွာကျေးရွာအုပ်စု၊ ဆီဆုံကန်ကျေးရွာ၊ ရွာဦးဘုန်းကြီးကျောင်း အလှုတွင် ဝေယျာဝစ္စလုပ်ကိုင်နေသူ အမျိုးသား တစ်ဦးအား အကြမ်းဖက် PDF အဖွဲ့မှ သတ်ဖြတ်သွားကြောင်း သိရသည်။
ယနေ့ညနေ ၆ နာရီ ၁၅ မိနစ်အချိန်ခန့်က ဆီဆုံကန်ကျေးရွာ၊ ရွာဦးဘုန်းကြီးကျောင်းတွင် ပြုလုပ်နေသည့် ဦးတင်ဆောင်+ဒေါ်မြညွန့်တို့၏ အလှုသို့ အကြမ်းဖက် PDF ၃ ဦးသည် Cyclone ဆိုင်ကယ် အနက်ရောင်ဖြင့် ရောက်ရှိလာခဲ့ပြီး အလှုတွင် ဝေယျာဝစ္စလုပ်ကိုင်နေသော ဦးညီညီထွန်း၊ ၄၁ နှစ်၊ (ဘ)ဦးအောင်မင်း (ပရဟိတလုပ်ကိုင်သူ)အား ဘုန်းကြီးကျောင်း တောင်ဘက် ပေ ၄၀၀ ခန့်အကွာ ကန်ဘောင်ပေါ်သို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ကန်ဘောင်ပေါ်အရောက်တွင် သေနတ်အတိုဖြင့် ပစ်သတ်သွားကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
အဆိုပါ အကြမ်းဖက် PDF အဖွဲ့၏ သတ်ဖြတ်မှုကြောင့် ဦးညီညီထွန်းတွင် ဦးခေါင်း ဘယ်ဘက်ခြမ်း သေနတ်ထိမှန် ဒဏ်ရာဖြင့် အခင်းဖြစ်နေရာတွင်ပင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews