(နိုင်ငံတကာ) ဇန်နဝါရီ ၄
ဘိုးအင်း 737-800 အမျိုးအစား ခရီးသည်တင်လေယာဉ်များ ဘေးကင်းလုံခြုံမှု စစ်ဆေးရေးလုပ်ငန်းကို တောင်ကိုရီးယားသယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက ရက်သတ္တပတ် သက်တမ်းထပ်တိုးထားသည်ဟု သိရသည်။
တောင်ကိုရီးယားနိုင်ငံသည် ဂျယ်ဂျူလေကြောင်းလိုင်းပိုင် ဘိုးအင်း 737-800 ခရီးသည်တင်လေယာဉ်တစ်စင်း ဒီဇင်ဘာလ ၂၄ ရက်တွင် မတော်တဆမှုဖြစ်ပွားခဲ့ပြီး ပြည်တွင်းလေကြောင်းလိုင်းများတွင် အသုံးပြုနေသည့် ဘိုးအင်း 737-800 လေယာဉ်များ၏ ဘေးကင်းလုံခြုံမှုကို စတင်စစ်ဆေးခဲ့သည်။
ဘိုးအင်း 737-800 ခရီးသည်တင်လေယာဉ်များ ဘေးကင်းလုံခြုံမှု စစ်ဆေးရေးလုပ်ငန်းများမှာ ဇန်နဝါရီလ ၂ ရက် တွင် ပြီးဆုံးခဲ့ပြီဖြစ်သော်လည်း စစ်ဆေးရေး လုပ်ငန်းများ ကို ရက်သတ္တပတ်ထပ်မံပြုလုပ်ဦးမည်ဖြစ်ကြောင်း တောင်ကိုရီးယားသယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
ဂျယ်ဂျူလေကြောင်းလိုင်းပိုင် ဘိုးအင် 737-800 ခရီးသည်တင်လေယာဉ်သည် ဒီဇင်ဘာလ ၂၄ ရက်တွင် မူအန် နိုင်ငံတကာလေဆိပ်သို့ ဝမ်းဗိုက်ဖြင့် ဆင်းသက်ခဲ့ရာ လေဆိပ်စည်းရိုးတစ်ခုနှင့် ဝင်တိုက်ခဲ့ပြီး မီးလောင်ပေါက်ကွဲ ခဲ့ရသည်။
ယင်းမတော်တဆမှုကြောင့် လေယာဉ်ပေါ်တွင် လိုက်ပါလာသူ ၁၈၁ ဦးအနက် ၁၇၉ ဦး သေဆုံးခဲ့ရပြီး နှစ်ဦးသာ အသက်ရှင်လွတ်မြောက်ခဲ့သည်။
တောင်ကိုရီးယားလေကြောင်းလိုင်းများသည် ဘိုးအင်း 737-800 လေယာဉ်အစင်းပေါင်း ၁၀၁ စင်းအထိ အသုံးပြုလျက်ရှိကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews