စပျစ်သီးရဲ့ ကျန်းမာရေးအတွက် ကောင်းကျိုးများ

စပျစ်သီးရဲ့ ကျန်းမာရေးအတွက် ကောင်းကျိုးများ
*************************
(ကျန်းမာရေး)ဇန်နဝါရီ  ၅

      PAN ပရိတ်သတ်များအတွက် ကျန်းမာရေး ဗဟု သုတရစေဖို့ ဒီနေ့ ကျန်းမာရေးကဏ္ဍကနေ စပျစ်သီးရဲ့ ကျန်းမာရေးအတွက် ကောင်းကျိုးများအကြောင်း ကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။

      စပျစ်သီးက ကမ္ဘာပေါ်မှာ လူသိအများဆုံး အသီးတွေထဲက တစ်မျိုးပါ။ အရောင်အသွေးအနံ့အရသာပြည့်စုံတဲ့ အသီးတစ်မျိုးပေါ့။ ခရမ်း ရောင်ရင့်ရင့်၊ အနီရောင်၊ အစိမ်းရောင်ဆိုပြီး အရောင်အသွေးအမျိုးမျိုးရှိနိုင်ပါတယ်။ စပျစ် သီးက အသားတင် စားကောင်းတာမဟုတ်ပါဘူး။ စပျစ်သီး အစေ့ကလည်းဆေးဖက်ဝင်ပါသေးတယ်။ စပျစ်သီး အစေ့က ဆီးချိုကြောင့်ဖြစ်တဲ့ အမြင်အာရုံပြဿနာကို ကာကွယ်ပေးနိုင်ပါတယ်။ စပျစ်သီးက ခရမ်းချဉ်သီး၊ သင်္ဘောသီး၊ ငှက်ပျောသီး၊ သရက်သီး တို့ထက် ဓါတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝပါတယ်။

စပျစ်သီးမှာပါတဲ့ ဓာတ်တွေ

      စပျစ်သီးမှာ ဒီလိုအာဟာရဓာတ်တွေ ပါဝင်ပါတယ် –
• ကယ်လ်လိုရီ
• ကာဗိုဟိုက်ဒရိတ်
• ပရိုတင်း
• အဆီ
• အမျှင်ဓါတ်
• ဗီတာမင် C
• ဗီတာမင် K
• သီရာမင်း
• Riboflavin
• ဗီတာမင် B6
• ပိုတက်ဆီယမ်
• ကော့ပါး
• မဂ္ဂနိတို့ပါဝင်နေပါတယ်။

စပျစ်သီးကပေးတဲ့ ကျန်းမာရေးအာနိသင်

      အရသာရော အရောင်အသွေးပါ ပြည့်စုံတဲ့ စပျစ် သီးလေး စားပေးရင်း အခုလို ကျန်းမာရေးအကျိုး ကျေးဇူးတွေ ရရှိစေနိုင်ပါတယ်။

• ကင်ဆာကာကွယ်ပေးတယ် ။ စပျစ်သီးမှာ polyphenols လို့ခေါ်တဲ့ ဓါတ်တိုးဆန့် ကျင်ပစ္စည်းပါဝင်နေတာကြောင့် နာကျင်ရောင်ရမ်းမှုကို သက်သာစေပြီး ကင်ဆာကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ စပျစ်သီးစားသုံးပေးမှုကြောင့်ပြန်ရည်ကြောကင်ဆာ၊အသည်းကင်ဆာ၊ အစာအိမ်ကင်ဆာ၊ရင်သားကင်ဆာ၊ အူမကြီကင်ဆား၊ အရေပြားကင်ဆာ နဲ့သွေးကင်ဆာတို့ကို ကာကွယ်နိုင်မှာပါ။ စပျစ်သီးက ကင်ဆာကျိတ်တွေကြီးထွားမှုကိုလည်း စန့်တားပေးနိုင်စွမ်းရှိပါတယ်။
• နှလုံးကျန်းမာစေနိုင်တယ် ။ စပျစ်သီးက သွေးတွင်းကိုလက်စထရောကို ကျစေနိုင်ပြီး ပိုတက်ဆီယမ် ပါဝင်မှုကြောင့် သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်ပါတယ်။သွေးတိုးကြောင့် နှလုံးထိခိုက်တာမျိုးမဖြစ်အောင်ကာကွယ်ပေးပြီး နှလုံးခုန်နှုန်းကိုလည်း မှန်စေနိုင်ပါတယ်။ ပိုတက်ဆီယမ် ကြွယ်ဝစွာ ပါဝင်တဲ့ စပျစ်သီးကို စားသုံးပေးမှုကလေဖြတ်နိုင်ခြေကိုလည်းလျှော့ချပေးနိုင်ပါတယ်။ အရိုးပါးတာကိုလည်း ကာကွယ်ပေးနိုင်ပါတယ်
• သွေးပေါင်ကျ စေနိုင်တယ် ။ ပိုတက်ဆီယမ် ကြွယ်ဝတာကြောင့် သွေးပေါင်ချိန်ကို ထိန်းညှိပေးမယ်ဆိုတာ ထွေထွေထူးထူး ပြောနေစရာမလိုအောင်ပါ။ နှလုံးသွေးကြောစနစ်ကို ကျန်းမာစေနိုင်ပြီး နှလုံးကျန်းမာအောင်ထောက်ကူပေးပါတယ်။ စပျစ်သီးရဲ့ အမျှင်ဓာတ် ကြွယ်ဝမှုကလည်း ကျန်းမာရေးကို တော်တော်လေး အထောက်အပံ့ဖြစ်စေတာပါ။
• ဝမ်းချုပ်တာကို သက်သာစေနိုင်တယ် ။ ရေဓာတ် နဲ့ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်တာကြောင့် ဝမ်းမှန်စေပြီး အစာခြေစနစ်ကို အကောင်းဆုံး ထောက်ပံ့ပေးနိုင်မှာပါ။ ဝမ်းချုပ်တတ်သူတွေအတွက် သင့်တော်တဲ့ စားပေးသင့်တဲ့ အသီး တစ်မျိုးပါ။
• ဓာတ်မတည့်မှုကို သက်သာစေနိုင်တယ် ။ ရောင်ရမ်းမှုကိုလျော့ပါးစေနိုင်တဲ့ အာနိသင် ရှိတာကြောင့် အရေ ပြားမှာဖြစ်တဲ့ ဓာတ်မတည့်မှုတွေကို သက်သာစေနိုင်သလို ဓာတ်မတည့်မှုကြောင့်ဖြစ်တဲ့ နှာစေးတာ၊ မျက် ရည်ကျတာတွေကိုပါ သက်သာစေနိုင်ပါတယ်။
• ဆီးချိုသမားတွေနဲ့ သင့်တော်တယ် ။ ၂၀၁၃ ခုနှစ်က လေ့လာမှုအရ စပျစ်သီး စားသုံးပေးတာက အမျိုးအစား- ၂ ဆီးချိုရောဂါ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ ဒါကြောင့် ဆီးချိုကာကွယ်ဖို့ပဲဖြစ်ဖြစ် ဆီးချိုသက်သာစေဖို့ပဲဖြစ်ဖြစ် စပျစ်သီးတွေကို စားပေးလို့ရပါတယ်။
• မျက်လုံးကျန်းမာစေနိုင်တယ် ။ ဓာတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝတာကြောင့် မျက်လုံးကို ကျန်းမာစေနိုင်ပါတယ်။ အမြင်လွှာနဲ့ မျက်ကြည်လွှာတွေကိုပါ ကျန်းမာစေနိုင်တာပါ။ အသက်အရွယ်ကြောင့်ဖြစ်တဲ့ အမြင်အာရုံပြဿနာတွေကိုလည်း ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ပါတယ်။
• ဝက်ခြံသက်သာစေနိုင်တယ် ။ စပျစ်သီးမှာပါတဲ့ ဓာတ်တိုးဆန့်ကျင်အာနိသင်က ဝက်ခြံတွေကို ကုသပေးနိုင်စွမ်းရှိပါတယ်။ ဒါကြောင့် ဝက်ခြံရှိသူတွေအနေနဲ့ ဝက်ခြံ သက်သာချင်တယ်ဆိုရင် စပျစ်သီးစားပေးလို့ရပါတယ်။

သတိပြုရန်

         စပျစ်သီးက လူတိုင်းနဲ့ တည့်ပါတယ်။အလွန် အကျွံ မစားမိဖို့တော့ လိုပါမယ်။ ပြီးတော့ စပျစ်သီး စိုက်ပျိုးသူတွေက စပျစ်ပင်တွေ ပိုးမကျရောက်စေဖို့ ပိုးသတ်ဆေးဖျန်းကြတာကြောင့် စပျစ်သီးတွေကို မစားမီ သေသေချာချာ ရေဆေးပြီး စားကြဖို့ လိုပါတယ်။
(Crd: Hello ဆရာဝန်)

#PAN