(ပြည်တွင်း) ဇန်နဝါရီ ၃
၅၉ ကြိမ်မြောက် ထီဖွင့်ပွဲတွင် ကျပ်သိန်း ၂,၀၀၀ တစ်ဆုအပါအဝင် ကျပ်သိန်း ၂၀၀ တစ်ဆု၊ ကျပ်သိန်း ၁၀၀ တစ်ဆု၊ ကျပ်သိန်း ၅၀ နှစ်ဆုနှင့် ဆုမဲတစ်သောင်းကျော် ထုတ်ယူရန်ကျန်ရှိနေကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာန အောင်ဘာလေသိန်းဆုဌာနခွဲက ထုတ်ပြန်ချက်အရ သိရပါတယ်။
ထုတ်ပြန်ချက်တွင် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် ဖွင့်လှစ်ခဲ့သော ၅၉ ကြိမ်မြောက် ကျပ် ၁,၀၀၀ တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲမှာ ဆုမဲ ၁၀၅,၇၀၉ ဆု ခွဲဝေချီးမြှင့်ခဲ့ရာ ဆုမဲ ၁၂,၆၂၃ ဆုကို လာရောက်ထုတ်ယူ တောင်းခံခြင်းမရှိသေးကြောင်း ထုတ်ပြန်ထားပါတယ်။
လာရောက်ထုတ်ယူခြင်းမရှိသော ကျပ်သိန်း ၂,၀၀၀ တစ်ဆု၊ ကျပ်သိန်း ၂၀၀ တစ်ဆု၊ ကျပ်သိန်း ၁၀၀ တစ်ဆု၊ ကျပ်သိန်း ၅၀ နှစ်ဆု၊ ကျပ်သိန်း ၂၀ တစ်ဆု၊ ကျပ် ၁၀ သိန်း နှစ်ဆု၊ ကျပ်သုံးသိန်း ၁၁ ဆု၊ ကျပ်နှစ်သိန်း ၇၁ ဆု၊ ကျပ်တစ်သိန်း ၈၁၅ ဆု၊ ကျပ်ငါးသောင်းဆု ၁,၈၆၉ ဆုနှင့် ကျပ်တစ်သောင်းဆု ၉,၈၄၈ ဆုစတဲ့ ဆုရလက်မှတ်များကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်အထိ ရန်ကုန်မြို့နှင့် မန္တလေးမြို့ရှိ အောင်ဘာလေသိန်းဆုဌာနခွဲရုံးများသို့ တင်ပြကာ ဆုငွေများကို တောင်းခံနိုင်တယ်လို့ သိရပါတယ်။
အဆိုပါဆုမဲများအား ဇန်နဝါရီလ ၃၁ ရက်အထိ ထုတ်ယူခြင်းမရှိပါက အခွန်ဘဏ္ဍာအဖြစ် သိမ်းယူသွားမည် ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာန အောင်ဘာလေသိန်းဆုဌာနခွဲက ထုတ်ပြန်ထားပါတယ်။
Telegram»…
https://t.me/positiveanglenews