၂၀၂၅ခုနှစ်၊ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဒလမြို့နယ်အားကစားနှင့်ကာယ ပညာကော်မတီ ဥက္ကဋ္ဌဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲကျင်းပ


(ပြည်တွင်း) ဇန်နဝါရီ  ၃

၂၀၂၅ ခုနှစ်၊ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဒလမြို့နယ်အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဋ္ဌဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲကို ဒလမြို့နယ်၊ ဗိုလ်တေဇဘောလုံးကွင်းရှိ မိုးလုံလေလုံ အားကစားခန်းမ၌ ယနေ့ ၊ ဇန်နဝါရီ ၂ ရက်နေ့၊ နံနက် ၀၉:၀၀ နာရီအချိန်တွင် စတင်ကျင်းပ ခဲ့သည်။

(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဒလမြို့နယ်အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဋ္ဌဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ဘုရင်နောင့်ရပ်ကွက်(ခ)အသင်း၊ အံ့ကြီးအရှေ့ရပ်ကွက်အသင်း၊ သပြေကုန်းကျေးရွာအသင်း၊ ကမာကဆစ်ရပ်ကွက်အသင်း၊ ညောင်ကုန်းရပ်ကွက်အသင်း၊ ဘုရင်နောင့်ရပ်ကွက်(က)အသင်း၊ ပညာရေး အသင်း၊ ဗညားဒလရပ်ကွက်အသင်းနှင့် အောင်မင်္ဂလာရပ်ကွက်အသင်း စသည့် အသင်းပေါင်း (၉)သင်းပါဝင်ကြောင်းသိရသည်။

လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြို့နယ်အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဋ္ဌဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲများကို ဇန်နဝါရီ (၂ )ရက်မှ ဇန်နဝါရီ (၄)ရက်၊ လွတ်လပ် ရေးနေ့ အထိကျင်းပမည်ဖြစ်သည်။ ယနေ့ ဇန်နဝါရီ (၂)ရက်နေ့တွင် ပိုက်ကျော်ခြင်းပြိုင်ပွဲ အုပ်စုပွဲစဥ်များကို စတင်ကျင်းပပြီး၊ အုပ်စုတက်လာသော အုပ်စုပထမ အသင်း၊ အုပ်စု ဒုတိယအသင်းများကို ဇန်နဝါရီ (၃) ရက်နေ့တွင် အကြိုဗိုလ်ပွဲစဥ်များအထိ ယှဥ်ပြိုင်ကြမည်ဖြစ်ပြီး၊ တတိယနေရာလုပွဲ နှင့် ဗိုလ်လုပွဲများကို ဇန်နဝါရီ (၄)ရက် လွပ်လပ်ရေးနေ့တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ယနေ့ ယှဥ်ပြိုင်လျှက်ရှိသော လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဒလမြို့နယ်အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဋ္ဌဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲ အုပ်စုပွဲ စဥ်များအား မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးစိုင်းအောင်မြတ်၊ အဖွဲဝင်(၂)ဦးရွှေလှိုင်၊ မြို့မိမြို့ဖ ဦးကျော်မြင့်ဦးနှင့် အားကစားဝါသနာရှင်ပြည်သူများက ကြည့်ရှူ အားပေးခဲ့ကြသည်။

ဒလမြို့နယ်အားကစားနှင့် ကာယပညာကော်မတီ၏ ဦးဆောင်မှုဖြင့် ဇန်နဝါရီ(၄)ရက်၊ လွတ်လပ်ရေးနေ့တွင် ပျော်ပွဲရွှင်ပွဲများအနေဖြင့် ကျား/မ မီတာ(၁၀၀)(၂၀၀) အပြေးပြိုင်ပွဲ၊ ဂုန်နီအိတ်စွပ်ပြိုင်ပွဲ၊ ဇွန်းကိုက်ပြိုင်ပွဲ၊ဆန်ကော်ရွက်ပြိုင်ပွဲ အာလူးကောက်ပြိုင်ပွဲနှင့် မြန်မာ့ရိုးရာအားကစားပြိုင်ပွဲများကိုပါ ကျင်းပသွားမှာဖြစ်ပြီး ဆုရ ပြိုင်ပွဲဝင်များအား လွတ်လပ်ရေးနေ့တွင် ဆုများချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်းသိရသည်။

သန်းဇော်ဦး ဒလ

Telegram»…
https://t.me/positiveanglenews

PAN