အမေရိကန်သို့ စစ်ဘက်-အရပ်ဘက်သုံးကုန်ပစ္စည်းများ တင်ပို့မှု တရုတ်တားမြစ်


(နိုင်ငံတကာ) ဇန်နဝါရီ  ၃

တရုတ်အစိုးရက စစ်ဘက်တွင်သာမက အရပ်ဘက်တွင်ပါ အသုံးပြုနိုင်သည့်ကုန်ပစ္စည်းများ အမေရိကန်ကုမ္ပဏီ များသို့တင်ပို့မှုကို တားမြစ်လိုက်ပြီဖြစ်ကြောင်း ကုန်သွယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၂ ရက်တွင် ထုတ်ပြန်သည်။

အဆိုပါကုန်ပစ္စည်းများတွင် ကုန်စည်များ၊ နည်းပညာသုံးပစ္စည်းအပြင် ဝန်ဆောင်မှုများလည်း ပါဝင်ကြောင်း၊ ယင်းကုန်ပစ္စည်းများကို စစ်ဘက်နှင့်အရပ်ဘက်တို့တွင် အသုံးပြုနိုင်သော်လည်း စစ်ဘက်တွင် အသုံးပြုနိုင်ခြေပိုမိုများပြား ကြောင်း၊ အထူးသဖြင့် ဒီဇိုင်းပိုင်း၊ ထုတ်လုပ်ရေးပိုင်းနှင့် အဖျက်စွမ်းအားပြင်းလက်နက်များ၌ ထည့်သွင်းအသုံးပြုလေ့ရှိ ကြောင်း ဝန်ကြီးဌာနထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုလို စစ်ဘက်-အရပ်ဘက်သုံးကုန်ပစ္စည်းများ တင်ပို့မှုတားမြစ်ခံလိုက်ရသော ကုမ္ပဏီများတွင် ဂျင်နရယ် ဒိုင်းနမစ်၊ ဘိုးအင်း၊ လော့ဟိမာတင်နှင့် ရေးသီယွန် တို့အပါအဝင် အမေရိကန်နိုင်ငံမှ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး ကုမ္ပဏီ ၂၈ ခုပါဝင်ကြောင်းနှင့် ယင်းသို့ ပို့ကုန်များတင်ပို့မှုတားမြစ်ရခြင်းသည် အမျိုးသားလုံခြုံရေးနှင့် အကျိုးစီးပွားတို့ကို ကာကွယ်ရန်ဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

အမေရိကန်အစိုးရက ထိုင်ဝမ်ကျွန်းသို့ စစ်လက်နက်ပစ္စည်းများကို ထပ်မံရောင်းချပေးပြီးနောက် တရုတ်အစိုးရ ဘက်က ယခုခဲ့သို့ ပို့ကုန်တင်ပို့မှုများကို တားမြစ်ခံရသည့် ကုမ္ပဏီများတွင် ထိုင်ဝမ်ကျွန်းသို့ လက်နက်ရောင်းချပေးသော ကုမ္ပဏီများလည်းပါဝင်ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN